A d v e r t i s e m e n t With Us

နာမည်ကျော်စူပါဟီးရိုးရုပ်ရှင် Black Panther သရုပ်ဆောင်ကွယ်လွန်

နာမည်ကျော်စူပါဟီးရိုးရုပ်ရှင်  "Black Panther"  မှ သရုပ်ဆောင်  ချက်ဝစ်ခ်ဘို့စ်မန်းဟာ   ၄ နှစ်ကြာ အူမကြီးကင်ဆာဖြစ်ခဲ့ပြီးနောက် အသက် ၄၃ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တယ်လို့ သြဂုတ် ၂၈ ရက်မှာ တင်တဲ့ သူရဲ့တွစ်တာနဲ့ ဖေ့စ်ဘွတ်အကောင့်တွေအရ သိရပါတယ်။ တောင်ကယ်ရိုလိုင်းနားပြည်နယ်ဇာတိ ဘို့စ်မန်းဟာ လော့စ်အိန်ဂျလိစ်မြို့နေအိမ်မှာ ကွယ်လွန်ခဲ့ပြီး  ကွယ်လွန်ချိန်  သူ့ဘေးမှာ  ဇနီးနဲ့မိသားစု  ရှိနေခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါ တယ်။  သရုပ်ဆောင်သက်တမ်းတလျှောက် ဘို့စ်မန်းဟာ  အမေရိကရဲ့ လူမျိုးရေး ခွဲခြားမှုတွေကို ချိုးဖျက်တဲ့  ဖြစ်ရပ်မှန်ဇာတ်ကောင် နေရာအများအပြားကနေ  ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။   နာမည်ကျော် သရုပ်ဆောင် ဘို့စ်မန်းဟာ   "Get on Up" ဇာတ်ကားမှာ      soul ဂီတ အဆိုတော်  ဂျိမ်းစ်ဘရောင်း ၊ "Marshall," ဇာတ်ကားမှာတော့  တရားသူကြီး သား ဂွတ်မာရှယ် နဲ့     "42 ” ဇာတ်ကားမှာ ဘေ့စ်ဘောရှေ့ဆောင်  ဂျက်ကီရော်ဘင်ဆင်နေရာတွေကနေ သရုပ်ဆောင်ခဲ့ တယ်လို့   ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။  

A d v e r t i s e m e n t With Us

More News
Up