ဘာစီလိုနာနှင့် ပြဿနာမဖြစ်ဘဲ အသင်းကနေ မက်ဆီ ထွက်ခွာလို
မက်ဆီဟာ ဘာစီလိုနာနဲ့ ပြဿနာတစုံတရာမဖြစ်ဘဲ အသင်းကနေ ထွက်ခွာခွင့်ရဖို့ ဆန္ဒရှိနေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။
မက်ဆီဟာ သူ့ရဲ့ ကိုယ်စားလှယ်တွေကို ဘာစီလိုနာအသင်း ဘုတ်အဖွဲ့နဲ့ ဆွေးနွေးဖို့ အကြံပေးထားပြီး ပြဿနာတစုံတရာမဖြစ်ဘဲ အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေတာပါ။
မက်ဆီအနေနဲ့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ တခြားအသင်းကို ပြောင်းရွှေ့မယ်ဆိုရင် ပြီးခဲ့တဲ့ ဇွန်လကတည်းက ပြောင်းရွှေ့ခွင့်ရမှာဖြစ်ပေမဲ့ လက်ရှိအချိန်မှာတော့ အချိန်ကျော်လွန်သွားခဲ့ပြီလို့ သိရပါတယ်။
ဘာစီလိုနာဘက်က အဲဒီအချက်ကို လက်ကိုင်ထားပြီး ရောင်းချဖြစ်ရင်တောင် ပြောင်းရွှေ့ ကြေးအလွတ်နဲ့ လက်လွှတ်မှာမဟုတ်ဘူးလို့ သတင်းတွေမှာ ဖော်ပြပါတယ်။
မက်ဆီဘက်ကတော့ အသင်းအတွက် နှစ် ၂၀ ကြာ ကစားပေးခဲ့ပြီဖြစ်လို့ တခြားအသင်း တသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။