Home
သတင်းတို
ပါတီငယ် ၅ ခုပေါင်းပြီး ပီအာရ်စနစ် ထောက်ခံကြောင်း ကြေညာ
DVB
·
June 18, 2013
လွှတ်တော်ထဲမှာ အမတ်နေရာမရရှိတဲ့ ပါတီငယ် ၅ ခု ပေါင်းပြီး လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ပီအာရ် ခေါ် အချိုးကျကိုယ်စားပြုမှု ပုံစံ ကျင့်သုံးဖို့ တောင်းဆိုတဲ့ ကြေညာချက် တစောင် ဇွန် ၁၇ နေ့စွဲနဲ့ ထုတ်ပြန်ထားတယ်လို့ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးကျော်စွာစိုးက ဒီဗွီဘီကို ပြောပါတယ်။ အဲဒီ ပါတီတွေထဲမှာ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အမျိုးသား နိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်၊ ၀ံသာနုဒီမိုကရက်တစ်ပါတီ၊ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနဲ့ ပြည်သူ့ဒီမိုကရေစီပါတီ တို့ ပါဝင်ကြပါတယ်။ ဒီကြေညာချက်နဲ့ တောင်းဆိုချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆီ ဆက်ပြီး တင်ပြသွားမယ်လို့ ဦးကျော်စွာစိုးက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024