A d v e r t i s e m e n t With Us

လူနာအမှတ် ၅၉၅ နေအိမ်တိုက်တန်းရှိ မိသားစုဝင်များကို Quarantine စင်တာပို့ (ဓာတ်ပုံ)

ရန်ကုန်မြို့၊ သုဝဏ္ဏ၊ ပေါ်ဆန်းမွေး ၅ လမ်းသွယ်ရှိ လူနာအမှတ် ၅၉၅ နေအိမ်တိုက်တန်းရှိ မိသားစုဝင် ၂၈ ဦးကို ဩဂုတ် ၂၇ ရက် မနက်ပိုင်းမှာ ရွှေပြည်သာ Quarantine စင်တာကို ပို့ဆောင်ခဲ့ပါတယ်။ ပိုးတွေ့လူနာနေထိုင်ခဲ့တဲ့ နေအိမ်ကို စောင့်ကြည့်ပိတ်ပင်မှုတွေပြုလုပ်ပြီး  ပေါ်ဆန်းမွေး ၅ လမ်းသွယ်ကို ပိတ်ထားလိုက်တယ်လို့ သိရပါတယ်။  လူနာအမှတ် ၅၉၅ ဟာ အဝတ်လျှော် အလုပ်လုပ်ကိုင်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက နာရေးတခုကို လိုက်ပို့ထားသူလည်း ဖြစ်ပါတယ်။ လူနာအမှတ် ၅၉၅ ဟာ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုမရှိသလို ခရီးသွားရာဇဝင်လည်း မရှိဘူးလို့ သိရပါတယ်။ ရန်ကုန်မြို့မှာ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုမရှိသလို ခရီးသွားရာဇဝင်လည်းမရှိတဲ့ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ သြဂုတ် ၂၇ ရက်ညအထိ ၃ ဦးထက်မနည်း ရှိတယ်လို့ သိရပါတယ်။ Photo - MPA

A d v e r t i s e m e n t With Us

More News
Up