မှောင်မဲနေတဲ့ မော်လမြိုင် မြို့လျှောက်လမ်းမကြီး
DVB
·
June 18, 2013
မော်လမြိုင် မဟာမြိုင်ရပ်ကွက်မှ ဒိုင်းဝန်ကွင်း လမ်းဆုံးအထိ မော်လမြိုင်.. မြို့လျှောက် လမ်းမကြီး တလျှောက်လုံးမှာ မီးလုံး မီးချောင်းများ ရှိနေပေမယ့် မီးက ညတိုင်း လိုလို မလာပဲ မှောင်မဲနေပါတယ်။
မီးမလာတဲ့အတွက် ညတိုင်းနီးပါး ဆိုင်ကယ် တိုက်မှုတွေ၊ ကားတိုက်မှုတွေ နေ့စဉ်လိုလို ဖြစ်နေခဲ့တာ ကြာလှပါပြီ။ မီးမှောင်နေတဲ့အတွက် ငွေလုယက်မှုတွေ၊ ဆိုင်ကယ်ချင်းကပ်ပြီး ပိုက်ဆံအိတ်နဲ့ ဘေးလွယ်အိတ်တွေ လုယက်မှုတွေကိုလည်း ခဏခဏ ကြုံတွေ့နေရပါတယ်။
အဝေးပြေးဂိတ်လည်း ရှိနေတဲ့အတွက် ကားအသွားအလာ အဝင်အထွက်တွေက နောက်ကျပြီး ည ၁၀ နာရီ ၁၁ နာရီနဲ့ မနက် ၄ နာရီ ၅ နာရီလိုမျိုးမှာ သွားလာနေရတဲ့အတွက် အဲဒီလို အချိန်မျိုးတွေမှာ လုယက်မှုက ပိုဆိုးနေပါတယ်။ မော်လမြိုင် မြို့လျှောက်လမ်းမကြီး မီးလင်းရေး သမ္မတနဲ့ အထက်လူကြီးတွေ သိရှိကူညီဆောင်ရွက်ပေးဖို့ ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။
မြို့လျှောက် လမ်းမကြီးနေ ပြည်သူများ (မော်လမြိုင်မြို့)