Home
မြန်မာသတင်း
အကြမ်းဖက်မှုများကို ဆက်လက်တိုက်ဖျက်သွားမည်ဟု မြန်မာနိုင်ငံခြားရေးဌာနကြေညာ
DVB
·
August 28, 2020
မြန်မာနိုင်ငံအနေနဲ့  အကြမ်းဖက်မှုကို ဆက်လက် တိုက်ဖျက်သွားမှာဖြစ်ပြီး ပြည်သူ ပြည်သားတွေကို အကြမ်းဖက်မှုလုပ်ရပ် အားလုံးရဲ့ အန္တရာယ်မှ အကာအကွယ်ပေး ရမယ့် တာဝန်ဝတ္တရားတွေ  ဖြည့်ဆည်းဆောင်ရွက်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက  ဩဂုတ် ၂၇ ရက်မှာ ကြေညာပါတယ်။  ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကြီးမားတဲ့ ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်နေချိန်မှာ အထူးလိုအပ်နေတဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို အထောက်အကူ ဖြစ်စေတဲ့ ကုလသမဂ္ဂရဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအစီအစဉ်ကို မြန်မာနိုင်ငံက ကြိုဆိုတယ်လို့လည်း ကြေညာချက်မှာဖော်ပြပါတယ်။ မတ် ၂၃ ရက်က ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး တိုက်တွန်းပြောကြားချက်ကို ထောက်ခံတဲ့အနေနဲ့ ဇူလိုင် ၁ ရက်နေ့မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆုံးဖြတ်ချက် အမှတ် S/RES/2532 (2020) ကို အတည်ပြုချမှတ်ခဲ့ပါတယ်။ “မည်သူက မည်သည့် နေရာတွင် ဖြစ်စေ၊ မည်သည့်ပုံစံ၊ အသွင်သဏ္ဍာန်၊ လှုံ့ဆော်မှုကြောင့် ဖြစ်စေ ကျူးလွန်သည့် အကြမ်းဖက်မှု လုပ်ရပ်များ၊ နည်းလမ်းများနှင့် ကျင့်သုံးမှုများ အားလုံးကို လက်ခံနိုင်ဖွယ်မရှိသော ရာဇဝတ်မှု အဖြစ် ပြတ်သားစွာရှုတ်ချသည့်” လုံခြုံရေးကောင်စီရဲ့  ဆုံးဖြတ်ချက်အမှတ် S/RES/1269 (1999) ကို မြန်မာနိုင်ငံအနေနဲ့ ထောက်ခံတယ်လို့လည်း ဆိုပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ တိုက်တွန်းချက်နဲ့အညီ မြန်မာ့တပ်မတော်အနေနဲ့ အကြမ်းဖက်အဖွဲ့တွေရှိနေတဲ့ နေရာကလွဲပြီး မေလ ၁၀ ရက်မှ ဩဂုတ်လ ၃၀ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်းကြေညာခဲ့ပြီး စက်တင်ဘာလ ၃၀ ရက်အထိ သက်တမ်းတိုးမြှင့်ကြောင်းလည်း ကြေညာထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024