A d v e r t i s e m e n t With Us

အကြမ်းဖက်မှုများကို ဆက်လက်တိုက်ဖျက်သွားမည်ဟု မြန်မာနိုင်ငံခြားရေးဌာနကြေညာ

မြန်မာနိုင်ငံအနေနဲ့  အကြမ်းဖက်မှုကို ဆက်လက် တိုက်ဖျက်သွားမှာဖြစ်ပြီး ပြည်သူ ပြည်သားတွေကို အကြမ်းဖက်မှုလုပ်ရပ် အားလုံးရဲ့ အန္တရာယ်မှ အကာအကွယ်ပေး ရမယ့် တာဝန်ဝတ္တရားတွေ  ဖြည့်ဆည်းဆောင်ရွက်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက  ဩဂုတ် ၂၇ ရက်မှာ ကြေညာပါတယ်။  ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကြီးမားတဲ့ ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်နေချိန်မှာ အထူးလိုအပ်နေတဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို အထောက်အကူ ဖြစ်စေတဲ့ ကုလသမဂ္ဂရဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအစီအစဉ်ကို မြန်မာနိုင်ငံက ကြိုဆိုတယ်လို့လည်း ကြေညာချက်မှာဖော်ပြပါတယ်။ မတ် ၂၃ ရက်က ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး တိုက်တွန်းပြောကြားချက်ကို ထောက်ခံတဲ့အနေနဲ့ ဇူလိုင် ၁ ရက်နေ့မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆုံးဖြတ်ချက် အမှတ် S/RES/2532 (2020) ကို အတည်ပြုချမှတ်ခဲ့ပါတယ်။ “မည်သူက မည်သည့် နေရာတွင် ဖြစ်စေ၊ မည်သည့်ပုံစံ၊ အသွင်သဏ္ဍာန်၊ လှုံ့ဆော်မှုကြောင့် ဖြစ်စေ ကျူးလွန်သည့် အကြမ်းဖက်မှု လုပ်ရပ်များ၊ နည်းလမ်းများနှင့် ကျင့်သုံးမှုများ အားလုံးကို လက်ခံနိုင်ဖွယ်မရှိသော ရာဇဝတ်မှု အဖြစ် ပြတ်သားစွာရှုတ်ချသည့်” လုံခြုံရေးကောင်စီရဲ့  ဆုံးဖြတ်ချက်အမှတ် S/RES/1269 (1999) ကို မြန်မာနိုင်ငံအနေနဲ့ ထောက်ခံတယ်လို့လည်း ဆိုပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ တိုက်တွန်းချက်နဲ့အညီ မြန်မာ့တပ်မတော်အနေနဲ့ အကြမ်းဖက်အဖွဲ့တွေရှိနေတဲ့ နေရာကလွဲပြီး မေလ ၁၀ ရက်မှ ဩဂုတ်လ ၃၀ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်းကြေညာခဲ့ပြီး စက်တင်ဘာလ ၃၀ ရက်အထိ သက်တမ်းတိုးမြှင့်ကြောင်းလည်း ကြေညာထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up