မြန်မာ-အိန္ဒိယနယ်စပ်တွင် အင်အား ၅.၄ အဆင့်ရှိ မြေငလျင်လှုပ်

860
မြန်မာ-အိန္ဒိယနယ်စပ်မှာ မနေ့ညက အင်အား ၅.၄ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
သြဂုတ် ၂၇ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၈ နာရီ၊ ၃၇ မိနစ်၊ ၁၉ စက္ကန့်အချိန်မှာ မြန်မာနိုင်ငံပြည်ပ (Myanmar-India Border Region)၊ မြောက်လတ္တီတွဒ် ၂၃.၁၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃.၃၀ ဒီဂရီ၊ အနက် ၄၉ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာ စကေး ၅.၄ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တခု လှုပ်ရှားသွားပါတယ်။
အလားတူ သြဂုတ် ၂၇ ရက်နေ့၊ မြန်မာစံတော်ချိန် ၂၂ နာရီ၊ ၂၀ မိနစ်၊ ၁၁ စက္ကန့်အချိန်ကလည်း ဧရာဝတီတိုင်း ကြံခင်းမြို့ရဲ့ အနောက်တောင်ဘက် ၉ မိုင်ခန့်အကွာ ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၃.၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။