Home
မြန်မာသတင်း
ပြင်ဦးလွင်တွင် မီးပုံးပျံများအသုံးပြု၍ သစ်ပင်မျိုးစေ့များကြဲနေ 
DVB
·
August 27, 2020
118616649_2753176004939441_2867144301392537370_o
118262823_2753175878272787_9118073282207818519_o
118229911_2753175911606117_5539154186072588056_o
118209649_2753176208272754_2623808710959285995_o
118011407_2753176144939427_7539421731990159528_o
117916843_2753176098272765_4994656264782572787_o
ပြင်ဦးလွင်မြို့နဲ့ အနီးတဝိုက်မှာ လေကာတောတွေ များပြားလာရေးအတွက် Green Challenge သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က မီးပုံးပျံတွေ အသုံးပြုပြီး သစ်ပင်မျိုးစေ့တွေ သိန်းချီ ကြဲနေပါတယ်။ ပြင်ဦးလွင်မြို့ရဲ့ မြေအောက်ရေ ခမ်းခြောက်လာမှုနဲ့ သစ်တောပြုန်းတီးမှု​ကြောင့် ရာသီဥတု ပြောင်းလဲလာမှု​တို့ ဖြစ်ပေါ်လာရာ သဘာဝဂေဟစနစ် ပိုမိုကောင်းမွန်လာပြီး လေကာတော များပြားလာစေဖို့  အခုလို သစ်ပင်မျိုးစေ့တွေ ကြဲနေတာလို့ Green Challenge သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ တာဝန်ခံ  ဦးအောင်မျိုးပိုင်က ပြောပါတယ်။ Green Challenge အဖွဲ့က ပြင်ဦးလွင်မှာ  ၂၀၁၃ ခုနှစ်ကစတင်  သစ်ပင်စိုက်ခဲ့ပေမဲ့ သစ်တောပြုန်းတီးမှုနဲ့ နှိုင်းယှဉ်ပါက  ပြန်လည်စိုက်ပျိုးနိုင်မှုနည်းပါးတယ်လို့ ယူဆပြီး ၂၀၂၀  ဇူလိုင်ကစပြီး မီးပုံးပျံတွေမှာ သစ်ပင်မျိုးစေ့ ပမာဏများစွာ ချိတ်ဆွဲ လွှတ်တင်ကာ ကြဲနေတာဖြစ်ပါတယ်။ ၂၀၂၀ ဇူလိုင်လမှ သြဂုတ်လအတွင်း မီးပုံးပျံ နှစ်ကြိမ် လွှတ်တင်နိုင်ခဲ့ပြီး သစ်ပင်မျိုးစေ့ပေါင်း ၅သိန်း ကြဲနိုင်ခဲ့တယ်လို့ သိရပါတယ်။ Green Challenge အဖွဲ့က မီးပုံးပျံ အပြင် ပရာမိုတာတွေနဲ့ သစ်ပင်မျိုးစေ့ကြဲတာ၊ လေးခွတွေနဲ့ မျိုးစေ့တွေပစ်ကြဲခြင်းတွေကိုလည်း လုပ်ဆောင်နေပြီး အခုနှစ် အောက်တိုဘာလကုန်အထိ ဆက်လက်လုပ်ဆောင်ဖို့ အစီအစဉ် ရှိပါတယ်။ သတင်း - သော်တာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024