A d v e r t i s e m e n t With Us

ကရင်အာဇာနည်နေ့အခမ်းအနားဝန်းရံသူ ဒေါ်စိန်ထွေးကို ထောင်ဒဏ် ၁၅ ရက်ချ

၂၀၁၉ ခုနှစ်က ပြုလုပ်တဲ့ ၆၉ နှစ်မြောက် ကရင့်အာဇာနည်နေ့မှာ လာရောက်ဝန်းရံမှုကြောင့် ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ နဲ့ အမှုဖွင့်ခံထားရတဲ့ ဒေါ်စိန်ထွေးကို ကျောက်တံတားတရားရုံးက ထောင်ဒဏ် ၁၅ ရက်ချမှတ်လိုက်ပါတယ်။  ရန်ကုန်မှာ အခုနှစ်ကျင်းပခဲ့တဲ့ နှစ် ၇၀ ပြည့် ကရင့်အာဇာနည်နေ့ အခမ်းအနားကို ဦးဆောင်ပြုလုပ်ခဲ့လို့ ငြိမ်းစုစီဥပဒေပုဒ်မ ၂၀ နဲ့ တရားစွဲဆိုခံထားရတဲ့ ကရင်လူငယ် စသိန်းဇော်မင်းနဲ့ စောဆာကွာလာတို့ကို ဒီကနေ့ ကျောက်တံတားမြို့နယ်တရားရုံးမှာ ဒုတိယအကြိမ်အဖြစ်ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။  အဆိုပါအမှုမှာ နောက်တိုးအမှုတွဲအဖြစ် ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးအမျိုသမီးအဖွဲ့က ဒေါ်စိန်ထွေးကိုလည်း ရုံးထုတ်စစ်ဆေးခဲ့ပြီး ထောင်ဒဏ် ၁၅ ရက်ချမှတ်ခဲ့တာပါ။ Photo - JPaing / MPA 

A d v e r t i s e m e n t With Us

More News
Up