A d v e r t i s e m e n t With Us

ကန့်သတ်ချက်သစ်ကြောင့် အမေရိကန်-မက္ကဆီကို နယ်စပ်ဖြတ်သန်းမှု ကြန့်ကြာ

ခရီးသွား ကန့်သတ်ချက် အသစ်တွေကြောင့် အမေရိကန်နဲ့ မက်ဆီကို နယ်စပ် ဖြတ်သန်း ရေး ဂိတ်တွေမှာ နှောင့်နှေး ကြန့်ကြာနေတယ်လို့ သိရပါတယ်။ အမေရိကန်အရာရှိတွေက ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါနဲ့ပတ်သက်ပြီး အမေရိကန် နိုင်ငံသားတွေနဲ့ အမြဲတမ်း နေထိုင်ခွင့်ရသူတွေအပေါ် ကန့်သတ်ချက်အသစ်တွေ ထုတ်ပြန်ခဲ့ ပါတယ်။ အဲဒီနောက်မှာ အမေရိကန်နိုင်ငံသားတွေနဲ့ အမေရိကန်၊ မက်ဆီကို ၂ နိုင်ငံလုံးရဲ့ နိုင်ငံသား အဖြစ် ခံယူထားသူတွေ အမေရိကန်နိုင်ငံထဲကို ပြန်ဝင်ရေး အချိန်အကြာကြီး စောင့်ဆိုင်းနေရ ပါတယ်။ အမေရိကန်အစိုးရဟာ မဖြစ်မနေမဟုတ်ဘဲ ခရီးသွားမှု ကန့်သတ်ရေး ဒုတိယအကြိမ် စစ်ဆေးမှုတွေ စတင်ဆောင်ရွက်နေတဲ့အပြင် ရွေးချယ်ထားတဲ့ ဝင်ပေါက်စခန်းတချို့က လမ်းကြောင်းတွေကိုပါ ပိတ်ပစ်ခဲ့တယ်လို့ အမေရိကန်အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေး အဖွဲ့ (CBP) က အရင်အပတ်က ပြောပါတယ်။  မတ်လကစတဲ့ ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်တွေ မတိုင်ခင်က နေ့စဉ် မက်ဆီကိုကနေ အမေရိကန်နိုင်ငံထဲကို ခြေကျင် ဒါမှမဟုတ် ကားနဲ့ တရက် ဝင်ရောက်သူ ဦးရေ ၉ သိန်းခွဲရှိတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။  လတ်တလော လတွေအတွင်း တရားဝင်နဲ့ တရားမဝင် လူဝင်မှုကို ထိန်းချုပ်ရေး မူဝါဒတွေ ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တန်းစီ အကောင်အထည်ဖော်ခဲ့ပါတယ်။  ဒါဟာ အမေရိကန်လုပ်သားတွေအတွက် အလုပ်အကိုင်ရရှိရေးအတွက်ရော ကိုရိုနာဗိုင်း ရပ်စ်ကူးစက်မှု ထိန်းချုပ်ရေးအတွက်ပါ လိုအပ်တယ်လို့လည်း သူက ပြောပါတယ်။  မတ်လကစပြီး နယ်စပ်တွေကို ဖြတ်သန်းပြီး မလိုအပ်ဘဲ ခရီးသွားမှု တားမြစ်ပိတ်ပင်ရေး အမေရိကန်နဲ့ မက်ဆီကို ၂ နိုင်ငံကြား သဘောတူညီချက် ရခဲ့ပါတယ်။  ဒါပေမယ့် ကန့်သတ်ချက်တွေထဲမှာ ခြွင်းချက်အနေနဲ့ အမေရိကန်နိုင်ငံသားတွေနဲ့ အမြဲတမ်း နေထိုင်သူတွေကတော့ အမေရိကန်ကို ပြန်နိုင်ဖို့ ခွင့်ပြုထားပါတယ်။     

A d v e r t i s e m e n t With Us

More News
Up