A d v e r t i s e m e n t With Us

ရခိုင်ပြည်နယ်အတွင်း ထုတ်ထားသည့် အမိန့်ညွှန်ကြားချက်​များ မလိုက်နာပါက  အ​ရေးယူမည် 

ရခိုင်ပြည်နယ် မြို့နယ်အားလုံး Stay At Home အစီအစဉ်  အကျုံးဝင်​ကြောင်း ကျန်းမာ​ရေးနဲ့အားကစားဝန်ကြီးဌာနက အမိန့်ထုတ်ထားတဲ့အပြင် ပြည်နယ်အတွင်း ခရီးမသွားကြဖို့နဲ့ ပြည်နယ်ပြင်ပသွားရင်လည်း ခွင့်ပြုချက်ယူရမှာဖြစ်ပြီး ထုတ်ပြန်ထားတဲ့ အမိန့်ညွှန်ကြားချက်​တွေကိုမလိုက်နာရင် အ​ရေးယူမယ်လို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟို​ကော်မတီက ထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ်မှာ လိုအပ်တဲ့ ကျန်းမာ​ရေး​စောင့်​ရှောက်တာ​တွေ၊ စာနပ်ရိက္ခာ ထောက်ပံ့တာ​တွေ၊ ရောဂါကာကွယ်တားဆီးထိန်းချုပ်​ရေးဆိုင်ရာ​ကိစ္စရပ်တွေကို အစိုးရက ဖြည်းဆည်း​ဆောင်ရွက်​ပေးမှာဖြစ်လို့ ရခိုင်ပြည်နယ်အတွင်း နေထိုင်သူတွေအ​နေနဲ့ ကိုယ့်​နေရပ်မှာပဲ နေထိုင်ဖို့နဲ့ ပြည်နယ်တွင်း ခရီးသွားလာတာနဲ့ ပြည်နယ်ပြင်ပ တခြား​ဒေသ​တွေကို ခရီးသွားလာတာ​တွေ မလိုအပ်ဘဲ မပြုလုပ်ကြဖို့လည်း ဗဟို​ကော်မတီက အသိ​ပေးထားပါတယ်။ တကယ်လို့ ရခိုင်ပြည်နယ်​နေ ပြည်သူ​တွေအ​နေနဲ့ တခြားတိုင်း​ဒေသကြီး ဒါမှမဟုတ် ပြည်နယ်​တွေကို ကျန်းမာ​ရေးကိစ္စနဲ့ တခြားအ​ရေး​ပေါ်ကိစ္စရပ်​တွေအတွက် ခရီးသွားဖို့ရှိရင်လည်း သက်ဆိုင်ရာအဖွဲ့အစည်းရဲ့ ခွင့်ပြုချက်ရပြီးမှ သွား​ရောက်ကြဖို့နဲ့တိုက်တွန်းထားပါတယ်။ ဒါ့အပြင် ကိုယ်​ရောက်ရှိတဲ့​နေရာမှာ ကျန်းမာ​ရေးစစ်​ဆေးတာကို ကြည်ဖြူစွာခံယူပြီး ကျန်းမာ​ရေး ညွှန်ကြားချက်နဲ့အညီ သတ်မှတ်ထားတဲ့  Community Based Facility Quarantine ၂၁ ရက်​ နေထိုင်ကြဖို့နဲ့ ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်​ရေးဆိုင်ရာ ကိစ္စရပ်​တွေကို  အမိန့်နဲ့ညွှန်ကြားချက်​တွေနဲ့အညီ တိကျစွာလိုက်နာကြဖို့ ပန်ကြားထားပါတယ်။ ထုတ်ပြန်ထားတဲ့ အမိန့်ညွှန်ကြားချက်​တွေကို လိုက်နာဖို့ပျက်ကွက်ရင် သဘာဝ​ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာဥပ​ဒေနဲ့ အ​ရေးယူခံရမယ်လို့ အသိ​ပေးထားပါတယ်။ မြန်မာနိုင်ငံမှာ ဩဂုတ် ၂၇ ရက်မနက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၅၈၆ ဦးရှိနေပြီး ဒီအထဲမှာ ရခိုင်ပြည်နယ်ဟာ ပိုး​တွေ့လူနာ ၂၀၀  နီးပါးလောက်နဲ့  ဒုတိယအများဆုံး ဖြစ်လာပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ တည်ပြုလူနာများပြားလာတာ​ကြောင့် ဒီကနေ့မနက်ကစပြီး ပြည်နယ်တစ်ခုလုံးမှာ ရောဂါကာကွယ် ထိန်းချုပ်နိုင်ဖို့အတွက် ​နေအိမ်မှာ​နေထိုင်​ရေး (​Stay At Home)အစီအစဉ်  အကျုံးဝင်​ကြောင်း အမိန့်ထုတ်ပြန် ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up