ရခိုင်ပြည်နယ်မှ လှိုင်သာယာကို ပြန်လာသူ ၄ ဦးကို ကွာရန်တင်းစင်တာပို့
DVB
·
August 27, 2020
သက်ဆိုင်ရာကို အကြောင်းအကြားဘဲ ရခိုင်ပြည်နယ်တောင်ကုတ်နဲ့ ကျောက်ဖြူကနေ ရန်ကုန်တိုင်းလှိုင်သာယာအနောက်ပိုင်းမြို့နယ်ကို ရောက်ရှိလာသူ ၄ ဦးကို ရပ်/ကျေးပြည်သူတွေရဲ့ အသိပေးတိုင်ကြားချက်အရ ကွာရန်တင်းစင်တာကို ပို့ဆောင်လိုက်ပါတယ်။
လှိုင်သာယာအနောက်ပိုင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းက “ကွာရန်တင်းဝင်ဖို့ ဘယ်သူ့ကိုမှ အကြောင်းမကြားဘဲ ရောက်လာတာပါ။ ဒါကိုသတင်းရလို့ ကွာရန်တင်းဝင်ဖို့ သွားခေါ်တယ်။ သူတို့လည်း မငြင်းပါဘူး။ လိုက်ကျလို့ လှိုင်ကွာရန်တင်းစင်တာကို ပို့လိုက်ပြီ။ အဓိကကတော့ ပိုးတွေ့တဲ့ဒေသကလာတဲ့သူတွေကို ကွာရန်တင်းပို့တဲ့သဘောပါပဲ။ သူတို့လည်း ကျန်းမာရေးကောင်းကြပါတယ်” လို့ပြောပါတယ်။
ဒီလိုပို့ဆောင်ခံရသူ ၄ ဦးထဲမှာ ၃ ဦးက တောင်ကုတ်မြို့နယ်ကနေ ကုန်တင်ကားတွေနဲ့ လိုက်လာပြီး ဩဂုတ် ၂၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အလယ်ရွာကျေးရွာကို ရောက်ရှိခဲ့သူတွေပါ။
ကျန်တစ်ဦးကတော့ လှိုင်သာယာမြို့နယ် ၇ ရပ်ကွက်၊ တေးဥယျာဉ် ၃ လမ်းမှာနေထိုင်သူဖြစ်ပြီး ရန်ကုန်-ကျောက်ဖြူ ကားမောင်းသူ တစ်ဦးဖြစ်ပါတယ်။
သတင်း - ဇာခြည်