A d v e r t i s e m e n t With Us

မန်စီးတီးနှင့်ဆွေးနွေးရန် မက်ဆီ၏ဖခင် မန်ချက်စတာရောက်နေဟု သတင်းထွက်

မက်ဆီရဲ့ဖခင်ဖြစ်သူဟာ အပြောင်းအရွှေ့ကိစ္စနဲ့ပတ်သက်ပြီး မန်ချက်စတာကို ရောက်ရှိနေ တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။  အသက် ၃၃ နှစ်ရှိ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီဟာ နည်းပြချုပ် ရော်နယ်ကိုးမန်းနဲ့ ဆွေးနွေးခဲ့ပြီးနောက် အသင်းကနေ ထွက်ခွာဖို့ တောင်းဆိုခဲ့တယ်လို့ သတင်းထွက်ပေါ်နေသူပါ။  မက်ဆီကို ဆရာဟောင်းဖြစ်သူ ပတ်ဂွါဒီယိုလာက ပြန်လည်ခေါ်ယူလိုနေပြီး မန်စီးတီးက ခေါ်ယူနိုင်ဖို့ ရေပန်းစားနေတာပါ။  စပိန်မီဒီယာတွေရဲ့ဖော်ပြချက်အရ မက်ဆီရဲ့ဖခင်ဖြစ်သူ ဂျော့ဟာ မန်စီးတီးအသင်းနဲ့ အပြောင်းအရွှေ့ကိစ္စဆွေးနွေးဖို့ မန်ချက်စတာမြို့ကို ရောက်ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။  မန်စီးတီးနဲ့ ၂ နှစ်စာချုပ်ချုပ်မယ်လို့ သတင်းထွက်နေပြီး ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်ပြီး  အလွတ်ဖြစ်မလား ဘယ်လောက်နဲ့လဲဆိုတာကတော့ သတင်းထွက်ပေါ်လာခြင်း မရှိသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up