A d v e r t i s e m e n t With Us

မက်ဆီကို  အသင်းတွင် ဆက်ရှိစေလိုဟု ဘာစီလိုနာနည်းစနစ်ဒါရိုက်တာ ပြော

မက်ဆီကို အသင်းမှာ ဆက်ရှိစေလိုတယ်လို့ ဘာစီလိုနာအသင်းနည်းစနစ်ဒါရိုက်တာ ရာမွန်ပလန်နက်စ်က ပြောပါတယ်။  ဩဂုတ် ၂၆ ရက်က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မက်ဆီရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး နည်းစနစ်ဒါရိုက်တာ ပလန်နက်စ်က ရှင်းလင်းခဲ့ပါတယ်။  မက်ဆီနဲ့ဆွေးနွေးထားတဲ့ အတွင်းရေးကိစ္စတွေ အားလုံးကို ထုတ်ဖော်ပြောပြမှာ မဟုတ်ပေမဲ့   ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပြီး ဘာစီလိုနာအသင်းကို ဆုဖလားတွေပြန်လည်ရရှိနိုင်မယ့် အစီ အစဉ်တွေလည်း လုပ်ဆောင်ထားတယ်လို့ ပလန်နက်စ်ကပြောပါတယ်။  ဆက်လက်ပြီး မက်ဆီရဲ့အနာဂတ်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်စရာမရှိကြောင်းနဲ့ အသင်းမှာ ဆက်ရှိဖို့ လုပ်ဆောင်နေကြောင်း၊ ဘာစီလိုနာဟာ မက်ဆီရဲ့အိမ်လိုဖြစ်သလို မက်ဆီက အသင်းသမိုင်းရဲ့ အကောင်းဆုံးကစားသမားလည်းဖြစ်တယ်လို့ နည်းစနစ်ဒါရိုက်တာ ပလန်နက်စ်က ပြောပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up