A d v e r t i s e m e n t With Us

ဘာစီလိုနာအသင်းဥက္ကဋ္ဌ နုတ်ထွက်ရန်  ပရိသတ်များ တောင်းဆို

မက်ဆီရဲ့အနာဂတ် မတည်မငြိမ်ဖြစ်လာချိန်မှာပဲ အသင်းဥက္ကဋ္ဌ ဘာတိုမြူကို ရာထူးကနေ နုတ်ထွက်ဖို့ ဘာစီလိုနာပရိသတ်တွေက တောင်းဆိုနေကြပါတယ်။  ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီဟာ နည်းပြသစ်ရော်နယ်ကိုးမန်းနဲ့ ဆွေးနွေးခဲ့ပြီးနောက် အဆင်မပြေဖြစ်ခဲ့တာကြောင့် အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ တောင်းဆိုထားတယ်လို့ သတင်းထွက်ပေါ်ခဲ့တာပါ။   မက်ဆီရဲ့ဆုံးဖြတ်ချက်အပေါ် အားပေးထောက်ခံကြောင်းလည်း ကစားသမားဟောင်း ပူယိုးလ်က တွစ်တာကနေ စာရေးသားခဲ့ပါသေးတယ်။  မက်ဆီကို မန်စီးတီး၊ ပီအက်စ်ဂျီ၊ အင်တာမီလန်၊ ဂျူဗင်တပ် အစရှိတဲ့အသင်းတွေက ခေါ်ယူ ဖို့ စိတ်ဝင်စားနေတာပါ။  ဘာစီလိုနာပရိသတ်တွေကတော့ အိမ်ကွင်းနူးကမ့်အနီးရှိ ဘာစီလိုနာအသင်းရုံးရှေ့မှာ လာရောက်ဆန္ဒပြခဲ့ကြပြီး ဥက္ကဋ္ဌ ဘာတိုမြူကို နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up