A d v e r t i s e m e n t With Us

​တောင်ဒဂုံက ကိုဗစ်-၁၉ လူနာ စစ်တွေမှ ပြန်လာပြီးနောက် အနံ့မရသဖြင့် စစ်​ဆေးစဉ် ပိုး​တွေ့ခြင်းဖြစ် 

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီမနက်ထုတ်ပြန်တဲ့ ပိုး​တွေ့လူနာ ၆​ ယောက်ထဲမှာ ရခိုင်ပြည်နယ်က ပြန်လာတဲ့  ရန်ကုန် ဒဂုံမြို့သစ် (တောင်ပိုင်း)က   အမျိုးသမီး တစ်ယောက်လည်း ပါဝင်လာပါတယ်။  သူဟာ အနံ့မရလို့ ​တောင်ဒဂုံဖျားနာကု(အခမဲ့)​ဆေးခန်းကိုမ​နေ့က လာပြခဲ့​ကြောင်း သံသယ လက္ခဏာရှိ​နေတဲ့ ဒီလူနာကို သင်္ဃန်းကျွန်း စံပြဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ရာက ဓာတ်ခွဲနမူရာယူစစ်​ဆေးရာက ​​ရောဂါပိုး​တွေ့ခဲ့တာလို့ ​တောင်ဒဂုံ ဖျားနာကု(အခမဲ့)​ဆေးခန်းတာဝန်ခံ ​ဒေါက်တာ​ဇော်လင်းဗိုလ်က ဒီဗွီဘီကို​ပြောပါတယ်။ လူနာအမှတ် ၅၈၄ အသက် ၃၇ နှစ်အရွယ် လူနာအမျိုးသမီးဟာ စစ်တွေကနေ ဩဂုတ် ၁၂ ရက်နေ့ကတည်းက ပြန်လာခဲ့ပြီး နေအိမ်မှာ သီးသန့်နေထိုင်ခဲ့ပြီးနောက် သူ့ကိုယ်သူ မသင်္ကာလို့ ဆေးခန်းကို ဆက်သွယ်လာရောက်ခဲ့တာလို့  ဆိုပါတယ်။  လက်ရှိ သူ​နေထိုင်ရာ ​​နေရာနဲ့ လမ်းအပါအဝင် သူနဲ့ထိ​တွေ့ခဲ့သူ​တွေကို မြို့နယ် ကိုဗစ်ကော်မတီက   စုံစမ်းစစ်​ဆေးတာ​တွေ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up