A d v e r t i s e m e n t With Us

ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ”အိုးဝေ”မဂ္ဂဇင်း ပြန်လည်ထုတ်ဝေမည်

ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက အိုးဝေမဂ္ဂဇင်းကို ပြန်လည်ထုတ်ဝေဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ မဂ္ဂဇင်း ပြန်လည်ထုတ်ဝေမယ့်အကြောင်းကို ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ facebook page မှာ ကြေညာထားသလို စာမူတွေကို စက်တင်ဘာ ၁၀ ရက်နေ့ နောက်ဆုံးထားပေးပို့ရမယ်လို့ သိရပါတယ်။  သမဂ္ဂရဲ့အသံကိုသာမက ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေရဲ့အသံကိုပါ ဖော်ထုတ်ချင်လို့ ပြန်ထုတ်တာလို့ လက်ရှိအိုးဝေမဂ္ဂဇင်းရဲ့ အယ်ဒီတာအဖွဲ့ဝင် ကိုကျော်ကျော်က ပြောပါတယ်။  မဂ္ဂဇင်းထုတ်ဝေဖြန့်ချိမယ့်နေ့ရက် အတိအကျကို ပြောလို့မရသေးဘဲ ကျောင်းပြန်ဖွင့်ချိန်အမီ ထုတ်ဝေသွားမယ်လို့ အယ်ဒီတာအဖွဲ့ဝင် ကိုအောင်ကောင်းဆက်က ပြောပါတယ်။   အိုးဝေ မဂ္ဂဇင်းကို ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ၁၉၃၁ ခုနှစ်၊ ဇန်နဝါရီလမှာ စတင်ထုတ်ဝေခဲ့ပြီး ကိုအောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း) က အယ်ဒီတာအဖြစ် တာဝန်ယူခဲ့ပါတယ်။  သတင်း - နွေလှိုင်း(YU)

A d v e r t i s e m e n t With Us

More News
Up