ပုသိမ်နှင့်မြောင်းမြ ဆေးရုံတို့တွင် ကိုဗစ်စစ်ဆေးသည့် စက်များ တပ်ဆင်

ဧရာဝတီတိုင်း၊ ပုသိမ်ဆေးရုံမှာ ကိုဗစ်-၁၉ ရောဂါရှိ မရှိ စစ်ဆေးတဲ့ Gene Xpert စက်ကို သြဂုတ် ၂၆ ရက်နေ့က တပ်ဆင်ပြီးသွားပြီလို့ မြောင်းမြဆေးရုံမှာလည်း တပ်ဆင်သွားမယ်လို့ တိုင်းဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က ဒီဗွီဘီကို ပြောပါတယ်။ “ဒီစက်က အရင်တုန်းက တီဘီရောဂါစစ်ဖို့ သုံးခဲ့တဲ့စက်ဖြစ်ပြီး၊ တီဘီရောဂါအပြင် GeneXpert ကိုပါ စစ်လို့ရတယ်၊ ဘာလိုလဲဆိုတော့ စက်ထဲမှာထည့်တဲ့ Cartridge လိုပါတယ်။ နိုင်ငံတော်က ထောက်ပံ့ပေးတာ၊ လိုအပ်လာရင် ကိုဗစ်-၁၉ ကို စစ်ဆေးနိုင်ပါတယ်။” ပုသိမ်ဆေးရုံမှာ တပ်ထားတဲ့ Gene Xpert စက်မှာ တခါစစ်ဆေးပါက အချိန်တစ်နာရီကြာ နှစ်ယောက်စစ်ဆေးနိုင်ပြီး မနက် ၇ နာရီကနေ ညနေ ၅ နာရီအထိ ၁၀ ယောက်လောက်စစ်ဆေးနိုင်တယ်လို့ ဆိုပါတယ်။ ကိုဗစ်-၁၉ စစ်ဆေးနိုင်တဲ့စက်ကို  ပုသိမ်ဆေးရုံအပြင် မြောင်းမြခရိုင်ဆေးရုံမှာလည်း ဒီနေ့ တပ်ဆင်သွားမယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်းမှာ ကိုဗစ်-၁၉ လူနာတွေအတွက် ပုသိမ်ဆေးရုံမှာ ကုတင် ၂၀၊ မအူပင်ဆေးရုံမှာ ၁၂ ကုတင်၊ မြောင်းမြဆေးရုံမှာ ၄ ကုတင်၊ ဟင်္သာတဆေးရုံမှာ ၆ ကုတင်၊ ဖျာပုံဆေးရုံမှာ ၁၄ ကုတင်နဲ့ လပွတ္တာဆေးရုံမှာ ၈ ကုတင် ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ သြဂုတ် ၂၂ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ရခိုင်ပြည်နယ်ကနေ ဧရာဝတီတိုင်းကို ပြန်ရောက်လာသူ ၂၂ ဦးကို Quarantine ၁၄ ရက်ထားရှိပြီး ဓာတ်ခွဲနမူနာယူ စစ်ဆေးသွားမယ်လို့ သိရပါတယ်။ သတင်း-စည်သူမောင်မောင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up