A d v e r t i s e m e n t With Us

မန္တလေးတွင် တခါသုံး Mask ဝယ်ယူမှု မြင့်တက် 

မန္တလေးမြို့မှာ  အခုရက်ပိုင်းအတွင်း တခါသုံး Mask ဝယ်ယူမှု မြင့်တက်နေပြီး ဆေးဆိုင်တချို့မှာ  Mask ပြတ်လပ်တဲ့အထိ ဝယ်မရဖြစ်နေပါတယ်။ ခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်အပါဝင် မြန်မာနိုင်ငံ ဒေသတချို့မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု အရှိန်မြင့်တက်လာပြီး ဒုတိယလှိုင်းမပေါ်ပေါက်စေရေးမပေါ့ဆကြဖို့နဲ့ အပြင်ထွက်ရင် Mask တပ်ဆင်ကြဖို့  အစိုးရက ပန်ကြားချက်တွေ ထုတ်ပြန်ပြီးနောက် တစ်ခါသုံး Mask ဝယ်ယူမှု မြင့်တက်လာခဲ့တာပါ။ သြဂုတ်လ တတိယအပတ်အတွင်း  တစ်ခါသုံး သုံးလွှာ  Mask အခု ၅၀ ပါ တစ်ထုပ်ကို ကျပ် ၁၉၀၀ စျေးရှိခဲ့ပေမယ့် အခုလက်ရှိ စျေးကွက်အတွင်း နှစ်ဆ၊ သုံးဆ စျေးတင်ရောင်းမှုတွေ ရှိပါတယ်။ မန္တလေးမြို့မှာ ပုံမှန် စျေးအတိုင်း ရောင်းချနေတဲ့ ဆေးဆိုင်တချို့မှာ တစ်ခါသုံး Mask ပြတ်လပ်တဲ့အထိ ဖြစ်ခဲ့ပေမယ့်  အဝတ် Mask တွေ၊ မျက်နှာကာ Face Shield နဲ့ N 95 Mask တွေက ဝယ်ယူမှု နည်းပါးတဲ့အတွက် စျေးနည်း ပြောင်းလဲမှု မရှိခဲ့ပါဘူး။ မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနကတော့  စျေးကွက်အတွင်း Mask တွေ စျေးနှုန်းမြှင့်တင် ရောင်းချဖြန့်ဖြူးတာ၊ စျေးကစားဖို့ သိုလှောင်ထားတာ ရှိ/ မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေးနေပြီး  စည်းကမ်းမလိုက်နာပါက  အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ အရေးယူခံရမယ်လို့ သိရပါတယ်။ သတင်း- သော်တာ

A d v e r t i s e m e n t With Us

More News
Up