Home
မြန်မာသတင်း
ဘယ်ကကူးမှန်းမသိသည့် ရန်ကုန်ကပိုး​တွေ့သင်္ဘောသားနှင့် ထိ​တွေ့သူ ၁၀​ ဦး​ကျော်ကို ကွာရတင်းထားရန်စီစဉ် 
ညီငယ်
·
August 26, 2020
118167146_3409885409071968_629566169255789021_n
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပ ၁၂ ရပ်ကွက် မာဃ ၆ လမ်း​နေ ပိုး​တွေ့သင်္ဘောသားရဲ့ မိသားစုအပါအဝင် ထိ​တွေ့သူ စုစု​ပေါင်း ၁၀ ​ယောက်​ကျော်ကို ကွာရတင်းစင်တာပို့ဖို့ စီစဉ်နေပြီလို့ တောင်ဥက္ကလာပမြို့နယ် အုပ်ချုပ်​ရေးမှူး ဦးငြိမ်းချမ်း​အောင်က ဒီဗွီဘီကို​ ပြောပါတယ်။ "အလွှာ ၆ လွှာမှာ ၄ လွှာမှာအထိ လူ​နေတာ​ပေါ့။ တစ်ဦးချင်းစာရင်း​တော့ ကျန်းမာ​ရေးဌာနကို ​ပေးလိုက်ပါပြီ။ အားလုံး ၁၀ ဦး​ကျော်ရှိပါတယ်။”လို့ သူက​ပြောပါတယ်။ ပိုး​တွေ့လူနာဟာ ရပ်ကွက်ထဲမှာ​နေတာ​ကြောင့် သူသွားခဲ့တဲ့ လက်ဖက်ရည်ဆိုင်၊ အလုပ်တို့ ရှိနိုင်​ပြီး သူသွားခဲ့တဲ့နေရာ​တွေ များမယ့်သ​ဘော​တော့ ရှိနိုင်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ​တော့ ​တောင်ဥက္ကလာမှာသူ​နေထိုင်ခဲ့တဲ့ မာဃ၆လမ်းအိမ်နဲ့ လမ်းကို ​လော့​ဒေါင်း လုပ်ထားပြီး သူဖွင့်ထားတဲ့ သံသုမာလမ်း မြင်သာ​စျေးနားက အရက်ဖြူဆိုင်ကိုလည်း ပိတ်ထားကာ ဆိုင်ဝန်ထမ်းတစ်ဦးကိုလည်း​ ကျန်းမာ​ရေးဌာနက ​ခေါ်​ဆောင်သွား​ကြောင်း ၅ ရပ်ကွက် အုပ်ချုပ်​ရေးမှူးက ပြောပါတယ်။ ဒီက​နေ့မွန်းလွဲပိုင်းမှာ ကိုဗစ်- ၁၉ လူနာအမှတ် ၅၀၆ အ​နေနဲ့ ကျန်းမာ​ရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်တဲ့စာရင်းထဲမှာ ​တောင်ဥက္ကလာက ပိုး​တွေ့သင်္ဘောသားလည်း ပါလာတာ​တွေ့ ရပါတယ်။ အသက် ၃၀ ​ကျော် ပိုး​တွေ့သင်္ဘောသားဟာ လွန်ခဲ့တဲ့ ၂ နှစ်​လောက်က သင်္ဘောတက်ဖူးပြီး အခုရက်ပိုင်းသင်္ဘောတက်ဖို့ ​ဆေးစစ်ရာက​နေ ကိုဗစ်-၁၉ ​ရောဂါ​တွေ့ရှိခဲ့တာ ဖြစ်ပြီး သူဘယ်က ကူးစက်ခံရတယ်ဆိုတာ မသိရ​သေးပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024