A d v e r t i s e m e n t With Us

ဘယ်ကကူးမှန်းမသိသည့် ရန်ကုန်ကပိုး​တွေ့သင်္ဘောသားနှင့် ထိ​တွေ့သူ ၁၀​ ဦး​ကျော်ကို ကွာရတင်းထားရန်စီစဉ် 

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပ ၁၂ ရပ်ကွက် မာဃ ၆ လမ်း​နေ ပိုး​တွေ့သင်္ဘောသားရဲ့ မိသားစုအပါအဝင် ထိ​တွေ့သူ စုစု​ပေါင်း ၁၀ ​ယောက်​ကျော်ကို ကွာရတင်းစင်တာပို့ဖို့ စီစဉ်နေပြီလို့ တောင်ဥက္ကလာပမြို့နယ် အုပ်ချုပ်​ရေးမှူး ဦးငြိမ်းချမ်း​အောင်က ဒီဗွီဘီကို​ ပြောပါတယ်။ "အလွှာ ၆ လွှာမှာ ၄ လွှာမှာအထိ လူ​နေတာ​ပေါ့။ တစ်ဦးချင်းစာရင်း​တော့ ကျန်းမာ​ရေးဌာနကို ​ပေးလိုက်ပါပြီ။ အားလုံး ၁၀ ဦး​ကျော်ရှိပါတယ်။”လို့ သူက​ပြောပါတယ်။ ပိုး​တွေ့လူနာဟာ ရပ်ကွက်ထဲမှာ​နေတာ​ကြောင့် သူသွားခဲ့တဲ့ လက်ဖက်ရည်ဆိုင်၊ အလုပ်တို့ ရှိနိုင်​ပြီး သူသွားခဲ့တဲ့နေရာ​တွေ များမယ့်သ​ဘော​တော့ ရှိနိုင်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ​တော့ ​တောင်ဥက္ကလာမှာသူ​နေထိုင်ခဲ့တဲ့ မာဃ၆လမ်းအိမ်နဲ့ လမ်းကို ​လော့​ဒေါင်း လုပ်ထားပြီး သူဖွင့်ထားတဲ့ သံသုမာလမ်း မြင်သာ​စျေးနားက အရက်ဖြူဆိုင်ကိုလည်း ပိတ်ထားကာ ဆိုင်ဝန်ထမ်းတစ်ဦးကိုလည်း​ ကျန်းမာ​ရေးဌာနက ​ခေါ်​ဆောင်သွား​ကြောင်း ၅ ရပ်ကွက် အုပ်ချုပ်​ရေးမှူးက ပြောပါတယ်။ ဒီက​နေ့မွန်းလွဲပိုင်းမှာ ကိုဗစ်- ၁၉ လူနာအမှတ် ၅၀၆ အ​နေနဲ့ ကျန်းမာ​ရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်တဲ့စာရင်းထဲမှာ ​တောင်ဥက္ကလာက ပိုး​တွေ့သင်္ဘောသားလည်း ပါလာတာ​တွေ့ ရပါတယ်။ အသက် ၃၀ ​ကျော် ပိုး​တွေ့သင်္ဘောသားဟာ လွန်ခဲ့တဲ့ ၂ နှစ်​လောက်က သင်္ဘောတက်ဖူးပြီး အခုရက်ပိုင်းသင်္ဘောတက်ဖို့ ​ဆေးစစ်ရာက​နေ ကိုဗစ်-၁၉ ​ရောဂါ​တွေ့ရှိခဲ့တာ ဖြစ်ပြီး သူဘယ်က ကူးစက်ခံရတယ်ဆိုတာ မသိရ​သေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up