A d v e r t i s e m e n t With Us

နှစ်ပေါင်း ၁,၀၀၀ ကျော်ကရွှေဒင်္ဂါးများ အစ္စရေးလူငယ်များ တူးဖော်တွေ့ရှိ

Israeli archaeologist Shahar Krispin counts gold coins, said by the Israel Antiquities Authority to date to the Abbasid dynasty, after its discovery at an archaeological site in Central Israel August 18, 2020. Picture taken August 18, 2020. Heidi Levine/Pool via REUTERS
လွန်ခဲ့တဲ့နှစ်ပေါင်း ၁,၀၀၀ ကျော်က ရေယာဉ်တစီးထဲမှာ ဝှက်ထားတဲ့ ရာချီတဲ့ ရွှေဒင်္ဂါးတွေကို အစ္စရေး လူငယ်တွေက တူးဖော်တွေ့ရှိခဲ့တယ်လို့ အစ္စရေး ရှေးဟောင်းပစ္စည်းအာဏာပိုင်အဖွဲ့ IAA က သြဂုတ် ၂၄ ရက်မှာ ပြောပါတယ်။ အစ္စရေးအလယ်ပိုင်းက ရပ်ကွက်အသစ် ဆောက်ဖို့ စီစဉ်နေတဲ့နေရာမှာ ဆယ်ကျော်သက်တွေ မြေတူးလုပ်အားပေးနေတုန်း သြဂုတ် ၁၈ ရက်မှာ ရှာတွေ့ခဲ့တာလို့ IAA က ပြောပါတယ်။ “ဒီရွှေဒင်္ဂါးပြားတွေက တကယ်တော့ အဲဒီအချိန်က ဒီဒေသမှာ နိုင်ငံတကာကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး ကျနော်တို့ကို အများကြီးပြသွားတာပဲ။ ရွှေဒင်္ဂါးကို သုံးမှု တဖြည်းဖြည်း လျော့သွားတဲ့ ဥရောပ စီးပွားရေးနဲ့ မတူဘဲ ဒီမှာ စီးပွားရေး ဘယ်လောက် တိုးတက် ကြွယ်ဝလဲ ဆိုတာ ပြနေတယ်”လို့ IAA ရဲ့ အရာရှိ တယောက်က ပြောပါတယ်။ “လွန်ခဲ့တဲ့နှစ်ပေါင်း ၁၁၀၀ က ဒီရွှေတွေကို မြှုပ်သွားတဲ့လူက နောင်တချိန် ရွှေတွေကို ပြန်ယူဖို့ မျှော်လင့်ထားခဲ့ရမယ်။ သူဟာ သူ့ရေယာဉ်နေရာ မရွေ့ရအောင် သံနဲ့ သေချာ ရိုက်သွားခဲ့သေးတယ်။ ဘာလို့ ပြန်လာမယူနိုင်လဲ ဆိုတာကိုပဲ ရှေးဟောင်းသုတေသီတွေက မှန်းဆနိုင်မယ်”လို့  IAA က ကြေညာချက်မှာ ပြောပါတယ်။ ရှာတွေ့တဲ့နေရာဟာ ရှေးခေတ်အလုပ်ရုံတွေ ရှိရာနေရာဖြစ်ပြီး ပိုင်ရှင် ဘယ်သူဆိုတာ ခုထိ မသိသေးဘူးလို့လည်း ပြောပါတယ်။  ၉ ရာစုခေတ်က သွန်းလုပ်ထားတဲ့ ၂၄ ကာရက် ရွှေစင် ရွှေဒင်္ဂါးပြား ၄၂၅ ပြားဟာ သိသိသာသာ များပြားတဲ့ တန်ကြေးရှိပြီး အီဂျစ်မြို့တော်က အကောင်းဆုံးရပ်ကွက်ထဲမှာ ဇိမ်ခံအိမ်တလုံး ဝယ်လို့ရတယ်လို့ ဒင်္ဂါးပြားပညာရှင် ဒေါက်တာ ရောဘတ်ကူးလ်က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up