A d v e r t i s e m e n t With Us

မက္ကဆီကိုတွင် အိမ်တွင်းအကြမ်းဖက်မှု ခံစားနေရသူများအတွက် အွန်လိုင်းသံစုံတေးဂီတပွဲ ကျင်းပ 

မက္ကဆီကိုနိုင်ငံမှာ အိမ်တွင်းအကြမ်းဖက်မှု ခံစားနေရတဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် ရန်ပုံငွေမြှင့်တင်ရေး အွန်လိုင်းသံစုံတေးဂီတပွဲကို ဂန္ထဝင်ဂီတပညာရှင်တွေ စုစည်းတီးခတ် ဖျော်ဖြေခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးအတွင်း မက္ကဆီကို ဂီတမှူး အလါန်ဒရော ဒေလာပါရာက ဂီတပညာရှင် ၂၇ ယောက် ပါတဲ့ ‘Impossible Orchestra’ ကို သြဂုတ် ၂၅ ရက်မှာ တည်ထောင်ခဲ့တာပါ။ ကျူးဘား ကကွက်ကို ပုံစံထုတ် အတုယူသွားတဲ့ မက္ကဆီကန် ခေတ်သစ် ဂန္ထဝင် Danzon No.2 ဗွီဒီယိုကိုလည်း ဖြန့်ချိလိုက်ပါတယ်။ ဒီရုပ်သံကို အသွားအလာ အဝင်အထွက် ပိတ်ပင်ကန့်သတ်ထားချိန်မှာ ရိုက်ကူးတည်းဖြတ်ခဲ့တာပါ။ နိုင်ငံပေါင်း ၁၄ နိုင်ငံက ရုပ်ပုံတခုချင်းကို ပေါင်းစပ်ထားတဲ့ ဒီဗွီဒီယိုထဲမှာ အနုပညာရှင် အားလုံးက တီးခတ် ဖျော်ဖြေထားပါတယ်။ ဒီရုပ်သံကနေ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၂၅,၀၀၀ သိန်းကျော် ရပြီးပါပြီ။ ကမ္ဘာအနှံ့က ပရိသတ်တွေဟာ မက္ကစီကို အခြေစိုက် ဖွှန်ဒိုဆေမီးလတ်စ်နဲ့ Save the Children Mexico ဖောင်ဒေးရှင်းတို့ဆီ တိုက်ရိုက်ငွေလှူနိုင်ပြီး ဒီနှစ်ဖွဲ့က လက်တင်အမေရိကနိုင်ငံအတွင်း အိမ်တွင်း အကြမ်းဖက်မှု ထိန်းချုပ်ရေး လုပ်ဆောင်နေပါတယ်။ သြဂုတ် ၂၈ ရက်မှာ တေးဂီတတီးဝိုင်းဟာ ယူကျုအင်တာနက်ပေါ်မှာ ရန်ပုံငွေမြှင့်တင်ပွဲ တီးခတ်ဖျော်ဖြေမှာဖြစ်ပြီး နိုင်ငံတကာက ရွေးချယ်ခံ ငွေကြယ်ပွင့်တွေလည်း ပါဝင် တက်ရောက်မယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up