မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
A
d
v
e
r
t
i
s
e
m
e
n
t
With Us
စစ်ဘေးအပူပေါ် ကိုဗစ်နှင့် ရေဘေးအပူ ထပ်ဆင့်ခံရသူများ
မနက်နှစ်နာရီဝန်းကျင်ကတည်းက တရိပ်ရိပ်တက်လာသော သံလွင်မြစ်ရေသည် နောက်ထပ် ၁၂ နာရီအကြာ သြဂုတ် ၂၄ မွန်းလွဲ နှစ်နာရီအချိန်တွင် ကရင်ပြည်နယ် မြိုင်ကြီးငူ စစ်ဘေးရှောင်စခန်းအတွင်း တစ်ချို့နေရာများတွင် ခါးလယ်၊ တစ်ချို့ မြေနိမ့်ပိုင်းများတွင် လည်ပင်း အထိ မြင့်တက်ခဲ့ပြီဖြစ်သည်။
စခန်းအတွင်း ကျန်းမာရေးလုပ်ငန်းများအတွက် တာဝန်ခံ တိုက်နယ်ဆရာဝန်ဦးစီးပြီး သူနာပြုများ၊ ကျန်းမာရေးတာဝန်ခံ သူနာပြုဆရာမများနှင့် ကျန်းမာရေးဝန်ထမ်း ကိုးဦး က ရေနစ်မြုပ်နေသော စစ်ဘေးရှောင်တဲများမှ စစ်ဘေး ရေဘေး ဒုက္ခသည်များကို ယာယီပြောင်းရွှေ့ရန် မနက်ခင်းကပင် ဆုံးဖြတ်ချက် ချခဲ့ကြသည်။
ထို့ကြောင့် ယာယီနားခိုရန် မြိုင်ကြီးငူအထူးဒေသရှိ ကုန်းမြင့်ပိုင်းက ဘုန်းကြီးကျောင်း ဓမ္မာရုံကို ရွေးချယ်ခဲ့ကြပြီး နေ့လည် မွန်းတည့်ချိန်တွင် ပိုးသတ်ဆေးများ ဖြန်းခဲ့ကြသည်။ ကိုဗစ် ကာလလည်းဖြစ်သည့်အတွက် ပိုးသတ်ဖို့လည်း အရေးကြီးသည်မဟုတ်လား။
အမျိုးသားများအတွက် အဝတ်တစ်ထည် ကိုယ်တစ်ခုဖြစ် မိမိကိုယ်ပိုင် ပစ္စည်းများကိုသယ်ဆောင်ကာ အပြေးအလွှားပြောင်းရွှေ့နိုင်သော်လည်း ကိုယ်ဝန်သည်များ၊ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များအတွက်တော့ လာကယ်ဆယ်မည့် လှေကို ရင်တမမ စောင့်ကြရသည်သာ။
“ဒီမှာ သိတဲ့အတိုင်း မိန်းမတွေကလည်း ကလေးတွေနဲ့ချည်းလေ၊ အိမ်ထောင်တစ်ခုမှာ ကလေးက အနဲဆုံးတစ်ယောက်ရှိတယ်၊ အဲဒီတော့ ကိုယ်ဝန်ကြီးနဲ့ ကလေး တို့လို့တွဲလောင်းနဲ့၊ ကလေးကလည်း နှစ်ယောက် သုံးယောက်ဆို မနိုင်မနင်းတွေဖြစ်ပြီး ရေလွတ်ရာကို သူများလို လွတ်လွတ်လပ်လပ် မပြေးနိုင်ဘူးပေါ့” ဟု မြိုင်ကြီးငူ စစ်ဘေးရှောင်စခန်း ကျန်းမာရေးတာဝန်ခံ နော်အယ်စကယ်( Naw Eh Scel)က ပြောသည်။
မိုးကလည်း မပြတ်ရွာနေသဖြင့် အဝတ်အစားများ စိုရွှဲနေသော မိန်းမငယ်များ၊ ကလေးငယ်များ၊ ကိုယ်ဝန်သည်များနှင့် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးအတွက် စိုးရိမ်ရသော်လည်း စစ်ဘေးရှောင်စခန်း တဲငယ်များမှ ယာယီနားခိုရာ ဓမ္မာရုံသို့ ပို့ဆောင်ကူညီနေသည့် စက်လှေမှာ သုံးစီး သာ ရှိသောကြောင့် အဝတ်အစားများ၊ အိုးခွက်ပန်းကန်များကို ဦးစားမပေးနိုင်သေးပဲ လူချည်းသက်သက်သာ မိုးမချုပ်မီ ပြောင်းရွှေ့ပေးနေကြရသည်။
“အကုန်စိုရွှဲနေတော့ စိတ်ကပူပေမယ့် ခုထိ အနော (အစ်မ)တို့ကိုယ်ထူကိုယ်ထ လုပ်ကြတဲ့ စက်လှေသုံးစီးပဲရှိတော့ မနိုင်ဘူးပေါ့။ အိမ်ထောင်စုက ၁ဝဝ ကျော်ဆိုတော့ ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံမဆန့်ရင် သူတို့အသိ မိတ်ဆွေအိမ်တွေမှာ ခန ခွင့်တောင်းနေကြရမှာပဲ၊ မတတ်နိုင်ဘူး” ဟု နော်အယ်စကယ်က ပြောသည်။
ကရင်ပြည်နယ်၊ မြိုင်ကြီးငူ စစ်ဘေးရှောင်တွင် စစ်ဘေးသင့်ရွာပေါင်း ၁၁ ရွာက အိမ်ခြေပေါင်း ၁၅၆ အိမ်၊ အမျိုးသား ၄၅ဝ ဦးနှင့် အမျိုးသမီးပေါင်း ၅ဝ၈ ဦးတို့ နေထိုင်လျက်ရှိသည်။
ကိုဗစ် ကာလအတွင်း လူ အယောက် ၃ဝ နှင့်အထက် စုဝေးခြင်းကို ခွင့်မပြုထားသော်လည်း စစ်ဘေးရေဘေးရှောင်တို့ ယာယီခိုနားရာ ဓမ္မာရုံအတွင်းတွင်တော့ တစ်ဦးချင်းထက် တစ်မိသားစုနှင့် နောက် မိသားစုကို ခြောက်ပေအကွာသာ နေရာချနိုင်သည်။
“တစ်ယောက် ခြောက်ပေကွာရမယ်ဆိုပေမယ့်မတတ်နိုင်ဘူးလေ။ ရေကလည်း မကျမချင်း ဒီမှာပဲနေရမှာဆိုတော့ တစ်မိသားစု နဲ့ နောက်တစ်စု ခြောက်ပဲကွာထားပြီး နေရာချထားတယ်။ ရေဘေးက ရုတ်တရက်ဖြစ်လာတော့ ကိုဗစ် ကာလလည်း သတိမရနိုင်ကြတော့ဘူး” ဟု နော်အယ်စကယ်က ဆိုသည်။
စစ်ဘေးရှောင်များ သို့မဟုတ် ယာယီ ရေဘေးသင့်ဒုက္ခသည်များ အစားအသောက်အတွက်လည်း ယနေ့ (သြဂုတ်လ ၂၄ ရက်) မနက်စာ သာစားခဲ့ရပြီး ညနေစာအတွက် ချက်ပြုတ်ရန်ပြင်ဆင်ထားသည့် နေရာများရေမြုပ်နေသောကြောင့် လတ်တလော မစီစဉ်တတ်သေးပဲ ဒေသခံ အလှူရှင်များ ပို့လာမည့် ညစာကိုသာ စောင့်နေကြရသည်။
“ဘာဆက်လုပ်ရမယ်မသိသေးဘူး၊ ဒါက ကိုယ်ထူကိုယ်ထ အမြန်စီစဉ်ကြတာဆိုတော့၊ တခြားဒေသက အလှူရှင်တွေ လှူမယ်ဆိုရင်တော့ ဝမ်းသာတာပေါ့။ ဒါပေမဲ့ ရေက အကုန်မြုပ်နေတာဆိုတော့ ရွှေဂွန်းဘက်က လာလို့မရဘူး၊ ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ့ဘက်က ပတ်လာရင်တော့ အဆင်ပြေမယ်။ ချက်ပြုတ်ဖို့ ပစ္စည်းတွေတောင် ရေထဲ လိုက်စုရဦးမယ်” ဟု နော်အယ်စကယ်က ပြောသည်။
မြိုင်ကြီးငူစစ်ဘေးရှောင်စခန်း အတွင်း လွန်ခဲ့သည့် နှစ်နှစ်က ရေဝင်ကာ ရေကြီးခဲ့သော်လည်း ယခုနှစ်လောက် မဆိုးခဲ့ကြောင်း၊ မနှစ်က ရေမဝင်သောကြောင့် စခန်းတွင်းနေထိုင်သူများ ယခုနှစ်ရေကြီးမှုအတွက်လည်း ကြိုမပြင်ဆင်ခဲ့မိကြောင်း သိရသည်။ စစ်ဘေး ရေဘေးသင့် ဒုက္ခသည်များအတွက် လှူဒါန်းလိုပါက ကျန်းမာရေးတာဝန်ခံ နော်အယ်စကယ် ဝ၉ ၄၂၅ဝ၁ဝ၇၅၈ ကို ဆက်သွယ်နိုင်သည်။
အစိုးရ၏ သြဂုတ် ၂၄ နေ့လည်ပိုင်း မိုးလေoသသတင်းတွင် သံလွင်မြစ်ရေသည် စိုးရိမ်ရေအမှတ်များအထက်ကို ကျော်သည်အထိ ရေတက်နေခဲ့သည်ဟုဆိုသည်။
သံလွင်မြစ် ရေသည် ဖားဆောင်းမြို့တွင် (၄) ပေခွဲခန့် နှင့် ဘားအံမြို့တွင် (၃) ပေခန့်အထိ ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေသည်ဟု မိုးလေဝသဌာနက သတိပေးထားသည်။
ဖားဆောင်းတွင် နောက်(၂)ရက်အတွင်း စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်သော်လည်း ဘားအံတွင်တော့ လက်ရှိရေမှတ်မှ နောက်(၂)ရက်အတွင်း (၃)ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်းလည်း ခန့်မှန်းထားသည်။
လွန်ခဲ့သည့် ၂ဝ၁၆ခုနှစ်က လှိုင်းဘွဲမြို့နယ်၊ မယ်သဝေါဒေသအတွင်း အစိုးရတပ်မတော်၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် -DKBA (ခွဲထွက်အဖွဲ့)တို့ကြား ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ထောင်နှင့်ချီသော ဒေသခံရွာသားများမှာ မြိုင်ကြီးငူဒေသသို့ ထွက်ပြေးရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ငြိမ်းအိအိထွေး
hiburma.net
ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။
Tags
ကိုဗစ်နှင့်
စစ်ဘေးအပူပေါ်
ရေဘေးအပူ ထပ်ဆင့်ခံရသူများ
© Copyright 2020 DVB Designed and Developed by
Digit X Myanmar
.
Up