A d v e r t i s e m e n t With Us

ကနီမြို့နယ်တွင် ရှေးဟောင်းဆင်းတုတော်များ တူးဖော်တွေ့ရှိ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ဝရာကျေးရွာမှာ ဩဂုတ် ၂၅ ရက်နေ့က ဘုရားပြုပြင်ဖို့ အုပ်ဖိနပ်ပြန်လည်ရှင်းလင်းတူးဖော်ရာကနေ ရှေးဟောင်းဘုရားဆင်းတုတော်တွေ တွေ့ရှိခဲ့ပါတယ်။ ဝရာကျေးရွာရှိ သမိုင်းဝင်ရွှေမုဌောဘုရားရဲ့ တောင်ဘက်ကပ်လျှက် ဘုရားကုန်းနေရာက တွေ့ရှိခဲ့တာဖြစ်တယ်လို့ ရွှေမုဌောကျောင်းတိုက်ဆရာတော် ဦးဝေပုံက မိန့်ကြားပါတယ်။  "အဲ့ဒီနေရာက ရှေးဘုရားကုန်းကြီးပဲ၊ ထီပေါက်တဲ့ဒါယိကာက ပြန်လည်ပြုပြင်ဖို့ ရွာနဲ့တိုင်ပင်ပြီး ချုံတွေရှင်းပြီး အုပ်ဖိနပ်လိုင်းကျင်းကို ပြန်ဖော်ရာကတွေ့တာ။ ကျောက်ဆင်းတုတွေပါတယ်၊ သံသတ္ထုလို အတော်လေးတဲ့ ဆင်းတုတော် ၃ ဆူ၊ နောက်ပြီး မြေအိုး ၁ လုံးလည်း တွေ့တယ်၊ အိုးကိုပိတ်ထားတာက ယွင်းပုံစံသရိုးနဲ့ မံထားတာ။ အိုးထဲမှာ ရွှေချထားတဲ့ အံတော် ၁ ဆူလည်း တွေ့တယ်။ ကျောက်စိမ်းရောင် ခွက်အသေး ၁ လုံးလည်း တွေ့တယ်။ ရုပ်ပွားတော်ပေါင်း လောလောဆယ်တွေ့တာ ၅၀ ကျော်နေပြီ။” တွေ့ရှိရတဲ့ ကျောက်ဆင်းတုအများစုဟာ ကျိုးပဲ့နေပြီး သံသတ္တုသားနဲ့ပြုလုပ်ထားတယ်လို့ ယူဆရတဲ့ ဆင်းတုတော် ၃ ဆူကတော့ ‌အကောင်းတိုင်း တွေ့ရပါတယ်။ ဆင်းတုတော်အများစုရဲ့ အောက်ခြေမှာလည်း စာတမ်းတွေထွင်းထုရေးသားထားတာကို တွေ့ရှိရပြီး ဘဘ်ခေတ်ကမှန်း မသိရသေးဘူးလို့ ဆိုပါတယ်။ လက်ရှိမှာတော့ အုပ်ဖိနပ်ကို ဆက်လက်တူးဖော်နေဆဲဖြစ်ပြီး နောင်လာနောက်သားတွေ သိရှိစေဖို့ တွေ့ရှိရတဲ့ရှေးဟောင်းပစ္စည်းတွေကို တတ်သိနားလည်တဲ့သမိုင်းပညာရှင်တွေနဲ့ မေးမြန်းဖော်ထုတ်သွားမယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်‌လောက်ကလည်း အဲ့ဒီဘုရားကုန်းမြောက်ဘက်နေရာမှာရှိတဲ့ ဘုရားစေတီကို ပြုပြင်ရာက အခုလို ရှေးဟောင်းဆင်းတုတော်တွေနဲ့ ရှေးပစ္စည်းတွေ တူးဖော်ရရှိခဲ့လို့  ဘုရားစေတီအတွင်းမှာပဲ ပြန်လည်ဌာပနာခဲ့တယ်လို့ သိရပါတယ်။ သတင်း- ရန်နိုင်စိုး

A d v e r t i s e m e n t With Us

More News
Up