A d v e r t i s e m e n t With Us

ဟေတီနိုင်ငံတွင် မုန်တိုင်းလော်ရာ တိုက်ခတ်ပြီး ၂၁ ဦးထက်မနည်းသေဆုံး 

Members of the civil defense rescue a woman trapped in floodwaters caused by the passage of Tropical Storm Laura in Azua, Dominican Republic, Aug. 23, 2020. (CNS photo/Ricardo Rojas, Reuters)
ကာရေဘီယန်ကျွန်းနိုင်ငံ ဟေတီကို သြဂုတ် ၂၃ ရက်က မုန်တိုင်းလော်ရာ ဝင်ရောက်ခဲ့တာကြောင့် သေဆုံးသူ ၂၁ ယောက်ထက်မနည်းရှိပြီး သေဆုံးသူ အများစုဟာ ရေကြီးမှုကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် အိမ်ထောင်စု ၁၉၈ စုဟာလည်း အိုးအိမ်မဲ့ ဖြစ်ခဲ့တယ်လို့ ဟေတီ အရပ်ဘက် ကာကွယ်ရေးရုံးက သတင်းထုတ်ပြန်ပါတယ်။ လူ ၅ ယောက်လည်း ပျောက်ဆုံးနေဆဲဖြစ်ပြီး ပျောက်ဆုံးနေသူ အမျိုးသမီးရဲ့ ကလေးကိုတော့ သေဆုံးလျက်သား တွေ့ခဲ့ရပါတယ်။  တောင်ပေါ်ကနေ ကျောက်တုံးတွေပါလာတဲ့ ရေစီးဟာ မြို့တော် ပို့စ်အော်စပရင့်က ဈေးကို တိုက်စားသွားခဲ့ပါတယ်။ မိုးစဲသွားချိန်မှာတော့ ဈေးသည်တွေက ရွှံ့တွေကို ရှင်းလင်းပြီး သူတို့ရဲ့  ရောင်းကုန်တွေကို ရှာဖွေခဲ့ရပါတယ်။ အဲဒီနောက် သြဂုတ် ၂၅ ရက်မှာ မြေသယ်ယာဉ်နဲ့ အပျက်အစီးတွေကို စတင်ရှင်းလင်းနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ဟာရီကိန်းရာသီဟာ စက်တင်ဘာလမှာ အမြင့်ဆုံးအခြေအနေကို  ရောက်ရှိလေ့ရှိတာကြောင့် မုန်တိုင်းလော်ရာဟာ နောက်ဝင်လာမယ့် မုန်တိုင်းကြီးတွေရဲ့ သတိပေးချက် ဖြစ်မှာကို ဒေသခံတွေက  စိုးရိမ်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up