A d v e r t i s e m e n t With Us

အိန္ဒိယတွင် ငါးထပ်တိုက်ပြိုကျပြီး အပျက်အစီးများအကြား ၁ နှစ်သားကလေးငယ်ကို ကယ်ထုတ် 

အိန္ဒိယနိုင်ငံအနောက်ပိုင်း မာဟဒ်မြို့က ငါးထပ်အဆောက်အအုံ ပြိုကျခဲ့ပြီး နာရီ ၂၀ အကြာမှာ အပျက်အစီးတွေထဲကနေ အခါလည်သားကလေးတယောက်ကို ကယ်ဆယ်ရေး လုပ်သားတွေက သြဂုတ် ၂၅ ရက်မှာ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပါတယ်။ အရေးပေါ် လုပ်သားတွေဟာ လူ ၇၆ ယောက်ကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပေမယ့် ၁၄ ယောက် ပျောက်ဆုံးနေဆဲပါ။ တိုက်ပြိုတဲ့နေရာကို လူနာတင်ယာဉ်နဲ့ ဆေးအဖွဲ့ အမြန်ရောက်လာခဲ့ပါတယ်။ ဆွေမျိုးတွေကတော့ ပျောက်ဆုံးနေတဲ့ သူတို့လူတွေရဲ့ နာမည်တွေကို အော်ခေါ်ရင်း သွပ်ခေါင်မိုးတွေ ကွေးကောက်နေတဲ့ သံချောင်းတွေနဲ့ ကျိုးပဲ့နေတဲ့ ကွန်ကရစ် အပိုင်းအစတွေကို ဘီးစိပ်တိုက် မွှေနှောက် လှန်လှောရင်း ရှင်သန်သူကို ရှာနေကြပါတယ်။ ရှင်သန်ကျန်ရစ်သူတယောက်က အစပိုင်းမှာ ငလျင်လှုပ်တယ်လို့ ထင်ခဲ့ရာက သူတို့ တိုက်ခန်း ပြိုကျတာဖြစ်မှန်း သဘောပေါက်ခဲ့တယ်လို့ ပြောပါတယ်။ တိုက်ခန်းပေါင်း ၄၇ ခန်းပါပြီး လူ ၂၀၀ လောက်နေတဲ့ အဆောက်အအုံရဲ့ အပျက်အစီးတွေ အောက်မှာ လူ ၁၀၀ ထက်မနည်း ပိတ်မိနေနိုင်တယ်လို့ လွှတ်တော်အမတ်တယောက်က ပြောပါတယ်။ အမျိုးသားကပ်ဘေးတုံ့ပြန်ရေးတပ်က အဖွဲ့ ၃ ဖွဲ့ စေလွှတ်ထားတယ်လို့ တပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ပါတယ်။ တိုက်ပြိုကျရတဲ့အကြောင်းရင်းကို မသိရသေးပါဘူး။ ဒါပေမဲ့ အဆင့်မမီတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကို သုံးတာနဲ့ စည်းမျဉ်းစည်းကမ်း လိုက်နာမှု အားနည်းတာတွေကြောင့် အိန္ဒိယမှာ မုတ်သုံရာသီအတွင်း အဆောက်အအုံ ပြိုကျတာတွေ ဖြစ်လေ့ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up