A d v e r t i s e m e n t With Us

ရခိုင်ပြည်နယ်အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဆန်အိတ် ၃,၀၀၀ လှူဒါန်း

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ရခိုင်ပြည်နယ်အတွက် ဆန်ရိက္ခာ ၆ ပြည်အိတ် ၃,၀၀၀ ကို ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေထံ ဩဂုတ် ၂၅ ရက်က လှူဒါန်းခဲ့ပါတယ်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ဦးဆောင်စီစဉ်မှုနဲ့ မြန်မာ နိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းနဲ့ အ သင်းဝင်ကုမ္ပဏီတွေ၊ ပုဂ္ဂလိကအလှူရှင်တွေ စုပေါင်းကာ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် Facilities Quarantine လုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့ ရည်ရွယ် လှူဒါန်းခဲ့တာဖြစ်ကြောင်းအသင်းရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှတဆင့် မျှဝေထားပါတယ်။ လတ်တလောကာလမှာတော့ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ သြဂုတ် ၁၆ ရက်​က  စစ်​တွေမြို့မှာ ကိုဗစ်-၁၉ ​ရောဂါပိုး တ​ကျော့ပြန်​တွေ့ရှိလာပြီး​နောက် ကူးစက်မှုနှုန်း မြင့်တက်လာခဲ့သလို ပိုး​တွေ့လူနာ​တွေနဲ့ တိုက်ရိုက်ထိ​တွေ့သူ​တွေတင်မကဘဲ တဆင့်ခံရောဂါ ပိုးကူးစက်မှုတွေပါ တွေ့ရှိလာခဲ့ရတာမို့ အရေးကြီးတဲ့ အခြေအနေ ဖြစ်နေခဲ့တာပါ။ မြန်မာနိုင်ငံမှာ ဒီကနေ့ မနက် ၈ နာရီအချိန်ထိ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ပေါင်း ၅၇၄ ဦး၊  သေဆုံးသူ ၆ ဦး၊  နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း ၃၄၁ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၃၃၉ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၃၂ ဦးရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up