A d v e r t i s e m e n t With Us

ရခိုင်ပြည်နယ်တွင် ယာယီ တာဝန်ထမ်းဆောင်ရန် ကျန်းမာရေးဝန်ထမ်း ၂၀ ကျော် စစ်တွေရောက်ရှိ

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမြင့်တက်လာနေတဲ့ ရခိုင်ပြည်နယ်မှာ ယာယီ တာဝန်ထမ်းဆောင်ကြဖို့ ဆန္ဒအလျှောက် စာရင်းပေးပြောင်းရွှေ့ကြတဲ့ ကျန်းမာရေးဝန်ထမ်း ၂၀ ကျော်ဟာ  စစ်တွေမြို့ကို  ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ မြန်မာအမျိုးသားလေကြောင်းလိုင်းက အထူးလေယာဉ်နဲ့ လက်ထောက်ဆရာဝန် ၃ ယောက်၊ သွားနဲ့ခံတွင်းဆရာဝန် ၁ ယောက်၊ ပြည်သူ့ကျန်းမာရေးဆရာမကြီး ၁ ယောက်၊ အထက်တန်း သူနာပြု ၅ ယောက်နဲ့ သူနာပြု ၁၂ ယောက်တို့ ထပ်သွားကြတာပါ။ သြဂုတ် ၂၃ ရက်ကလည်း စစ်တွေမှာ ယာယီတာဝန်ထမ်းဆောင်ကြမယ့် ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေး ဦးစီးဌာနမှူး ၁ ယောက်အပါအဝင် အထူးကုဆရာဝန်တွေ၊ သူနာပြုတွေ စုစုပေါင်း ၂၄ ယောက်ဟာ စစ်တွေကိုရောက်နေကြပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုဗစ်-၁၉ မြန်မြန်ဆန်ဆန်ကူးစက်နေတဲ့ ရခိုင်ပြည်နယ်မှာ ကူညီလုပ်ကိုင်ဖို့ စေတနာ့ဝန်ထမ်းတွေကိုလည်း အစိုးရက ခေါ်ယူနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up