ဥရောပစူပါဖလားဗိုလ်လုပွဲတွင် ပရိသတ် ၃၀ ရာခိုင်နှုန်း ကြည့်ရှုခွင့်ပေးမည်
ဘိုင်ယန်မြူးနစ်နဲ့ ဆီဗီလာတို့ ယှဉ်ပြိုင်ကြမယ့် ယူအီးအက်ဖ်အေ စူပါဖလားဗိုလ်လုပွဲမှာ ပရိသတ် ၃၀ ရာခိုင်နှုန်း ကွင်းထဲဝင်ရောက်ကြည့်ရှုခွင့်ပေးသွားမယ်လို့ သိရပါတယ်။
စူပါဖလားဗိုလ်လုပွဲကို လာမယ့်စက်တင်ဘာ ၂၄ ရက် မှာ ဟန်ဂေရီနိုင်ငံ ဘူဒါပတ်မြို့မှာ ကျင်းပမှာပါ။
ပွတ်ရှကတ်အရီနာ ဘောလုံးကွင်းကြီးက ပရိသတ်ဦးရေ ၆၇၀၀၀ ဝင်ဆံ့ပြီး အဲဒီဦးရေရဲ့ ၃၀ ရာခိုင်နှုန်း ကွင်းထဲဝင် ရောက်ကြည့်ရှုခွင့်ပေးဖို့ ယူအီးအက်ဖ်အေက ဆုံးဖြတ်ခဲ့တာပါ။
ဥရောပဘောလုံးအဖွဲ့ချုပ်က ဦးဆောင်ကျင်းပတဲ့ နေးရှင်းလိဂ် နိုင်ငံတကာပွဲစဉ်တွေကိုတော့ နောက်ထပ် ညွှန်ကြားချက် မရှိမချင်း ကွင်းပိတ်ပြီး ဆက်လက်ကျင်းပသွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ပါတယ်။