Home
မြန်မာသတင်း
ကိုဗစ်-၁၉ ကြောင့် ကတ်ရှ်မီးယားဒေသက ကျောင်းသားများ  လေဟာပြင်တွင်စာသင် 
DVB
·
August 26, 2020
အိန္ဒိယနိုင်ငံတဝန်း  ကိုရိုနာဗိုင်းရပ်စ်ကြောင့် စာသင်ကျောင်းတွေ ပိတ်ခဲ့ပြီးနောက်  ဝေးလံခေါင်သီ ကတ်ရှ်မီးယားဒေသက ကျောင်းသားတွေဟာ  လေဟာပြင် စာသင်ခန်းထဲမှာ ကျောင်းစာတွေကို အမှီလိုက်နေကြပါတယ်။ အဲဒီ ဒေသဟာ  အင်တာနက်လိုင်းသိပ်မကောင်းသလို  မကြာခဏလည်း ပြတ်တောက်တတ်ပါတယ်။ ဒူးပတ်သရီဒေသက ကျောင်းသားတွေအဖို့ အစိမ်းရောင်လယ်ကွင်းက သူတို့စာသင်ခန်း ဖြစ်ပါတယ်။  ဒီလယ်ကွင်းမှာ အကွက်တွေချပြီး   တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာ စာသင်ကြပါတယ်။   ဆရာတွေကလည်း ဟိမဝန္တာတောင်တန်းကို နောက်ခံပြုလို့ ကောင်းကင်ပြာအောက်မှာ  သင်ခန်းစာတွေကို ပို့ချနေပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်ဖို့  မတ်လကုန်ပိုင်းမှာ အစိုးရက တနိုင်ငံလုံးကို လော့ဒေါင်းချထားလိုက်ကတည်းက   ကျောင်းတွေကို ပိတ်ထားတာပါ။ အင်တာနက်ကနေ သင်ယူဖို့ရာ တန်ဖိုးကြီး  နည်းပညာပစ္စည်းတွေ မဝယ်နိုင်တဲ့ မိဘတွေရဲ့ သန်းပေါင်းများစွာသော ကလေးတွေဟာ ပညာသင်ခွင့် မရခဲ့ပါဘူး။   တည်ငြိမ်မှု မရှိတဲ့ ဂျမူးနဲ့ ကတ်ရှ်မီးယားနယ်မြေက ကလေးငယ်တွေအဖို့ ပိုပြီး ဆိုးလှပါတယ်။ ၈ တန်း ကျောင်းသားတစ်ဦးဖြစ်တဲ့ အာမက်ကလည်း သူတို့ဒေသက လူတွေဟာ  ဆင်းရဲပြီး စမတ်ဖုန်း မဝယ်နိုင်တာမို့ အွန်လိုင်း သင်ခန်းစာတွေကို မသင်ယူနိုင်ဘူးလို့ ပြောပြပါတယ်။ ဒါ့အပြင်  မနှစ်တုန်းက အိန္ဒိယအစိုးရက ဖက်ဒရယ် နယ်မြေနှစ်ခု အဖြစ်  ခွဲလိုက်ပြီး နောက်မှာ ပညာသင်နှစ် ကသောင်းကနင်းဖြစ်ခဲ့ရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ PHOTO-AFP
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024