တစ်ရက်အတွင်း လူအယောက် ၁၀၀ တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့
သြဂုတ် ၂၅ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ပထမအသုတ် ၁၄၇၅ နဲ့ ဒုတိယအသုတ် ၈၂၅ စုစုပေါင်း ၂၃၀၀ ကို စစ်ဆေးပြီးစီးခဲ့ရာမှာ စုစုပေါင်း လူအယောက် ၁၀၀မှာ ကိုဗစ်- ၁၉ ရောဂါတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မနေ့ညက ပထမအသုတ်အနေနဲ့ ဓာတ်ခွဲ နမူနာ ၁၄၇၅ ခုကို စစ်ဆေးခဲ့ရာမှာ အယောက် ၃၀ မှာရောဂါပိုးတွေ့ရှိခဲ့ပြီးနောက်၊ ဒီနေ့မနက်ထုတ်ပြန်ချက်အရ ဓာတ်ခွဲနမူနာ ဒုတိယအသုတ် ၈၂၅ စစ်ဆေးခဲ့ရာမှာ လူအယောက် ၇၀ မှာ ရောဂါထပ်မံတွေ့ရှိခဲ့တာပါ။
လူနာသစ် တွေကတော့ စောင့်ကြည့်လူနာတွေ၊ အသွားအလာကန့်သတ်ထားသူတွေ ၊အတည်ပြုလူနာတွေနဲ့ ထိတွေ့ထားသူတွေနဲ့ ရခိုင်စစ်တွေကို ခရီးသွားရာဇဝင် ရှိထားသူတွေဖြစ်ကြပါတယ်။