A d v e r t i s e m e n t With Us

တစ်ရက်အတွင်း လူအ​ယောက် ၁၀၀ တွင် ကိုဗစ်-၁၉​ ရောဂါပိုး​တွေ့

သြဂုတ် ၂၅ ရက်​နေ့အတွက် ဓာတ်ခွဲနမူနာ ပထမအသုတ် ၁၄၇၅ နဲ့ ဒုတိယအသုတ် ၈၂၅ စုစု​ပေါင်း ၂၃၀၀ ကို စစ်​ဆေးပြီးစီးခဲ့ရာမှာ စုစု​ပေါင်း လူအ​ယောက် ၁၀၀မှာ ကိုဗစ်- ၁၉​ ရောဂါ​တွေ့ရှိခဲ့​ကြောင်း ကျန်းမာ​ရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ မ​နေ့ညက ပထမအသုတ်အ​နေနဲ့ ဓာတ်ခွဲ နမူနာ ၁၄၇၅ ခုကို စစ်​ဆေးခဲ့ရာမှာ အ​ယောက် ၃၀ မှာရောဂါပိုး​တွေ့ရှိခဲ့ပြီး​နောက်၊ ဒီ​နေ့မနက်ထုတ်ပြန်ချက်အရ ဓာတ်ခွဲနမူနာ ဒုတိယအသုတ် ၈၂၅ စစ်​ဆေးခဲ့ရာမှာ လူအ​ယောက် ၇၀ မှာ ​ရောဂါထပ်မံ​တွေ့ရှိခဲ့တာပါ။  လူနာသစ် ​တွေကတော့ ​စောင့်ကြည့်လူနာ​တွေ၊ အသွားအလာကန့်သတ်ထားသူ​တွေ ၊အတည်ပြုလူနာ​တွေနဲ့ ထိ​တွေ့ထားသူ​တွေနဲ့ ရခိုင်စစ်​တွေကို ခရီးသွားရာဇဝင် ရှိထားသူ​တွေဖြစ်ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up