A d v e r t i s e m e n t With Us

ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေသစ်ဖြင့် ပထမဆုံးစွဲချက်တင်ခံရသူ အာမခံပယ်ချခံရ

ဟောင်ကောင်အမျိုးသားလုံခြုံရေး ဥပဒေသစ်အရ ခွဲထွက်ရေး၊ အကြမ်းဖက် လှုံ့ဆော်မှုနဲ့   စွဲချက်တင်ခံရတဲ့ ပထမဆုံး လူတစ်ယောက်ကို သြဂုတ် ၂၅ ရက်မှာ တရားရုံးက အာမခံမပေးဘဲ ငြင်းဆန်လိုက်ပါတယ်။ အသက် ၂၃ နှစ်အရွယ်  တန်ယင်ကစ်ဟာ “ဟောင်ကောင်လွတ်မြောက်ရေး  ဒို့ခေတ် တော်လှန်ရေး” ဗွီနိုင်းကို ကိုင်ပြီး လမ်းကျဉ်းတစ်ခုထဲမှာ ရဲတွေကို ဆိုင်ကယ်နဲ့ ဝင်တိုက်ခဲ့ပါတယ်။ ဒီလိုဝင်တိုက်တာကြောင့် ရဲအများအပြား ပြိုလဲကျခဲ့ပြီး နောက်ဆုံး သူလည်း ဆိုင်ကယ်ပေါ်က ကျကာ အဖမ်းခံခဲ့ရပါတယ်။   လုံခြုံရေးဥပဒေသစ် အာဏာသက်ဝင်ပြီးနောက် ဇူလိုင် ၁ ရက်က အဖမ်းခံရသူ ၃၀၀ ကျော်ထဲမှာ တန်ယင်ကစ်လည်း တစ်ဦးအပါအဝင် ဖြစ်ပါတယ်။   ပြီးခဲ့တဲ့လတုန်းက အာမခံလျှောက်ထားရာမှာ တန်ဟာ ငြင်းပယ်ခံရပြီး အစိုးရ ရှေ့နေတွေက သက်သေတွေကို အချိန်ယူရှာတာမို့ အမှုကို အောက်တိုဘာ ၆ ရက်အထိ ရွှေ့ဆိုင်းလိုက်ပါတယ်။  ဟောင်ကောင်ရဲ့ ရှေးထုံးတမ်းဥပဒေအရ တရားခံကို ချုပ်နှောင်မယ့် တရားဝင် အထောက်အထားကို မပြမချင်း တရားခံတွေကို တရားရုံးက အာမခံေပးလေ့ ရှိပါတယ်။  ဒါပေမဲ့ တရုတ်အစိုးရ ရေးဆွဲတဲ့ လုံခြုံရေးဥပဒေသစ်အရ တရားခံကို အာမခံမပေးဘူးလို့ ရိုက်တာ သတင်းမှာ ရေးပါတယ်။

A d v e r t i s e m e n t With Us

More News
Up