A d v e r t i s e m e n t With Us

ရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းသို့ ပြန်လာသူ ၄၉ ဦးကို Quarantine ထားရှိ

ဧရာဝတီတိုင်းဒေသကြီးကို  ရခိုင်ပြည်နယ် စစ်တွေမြို့ကနေ  ပြန်လာသူ ၂၂ ယောက်နဲ့ တခြားမြို့နယ်က ၂၇ ယောက်တို့ကို သက်ဆိုင်ရာမြို့နယ်တွေမှာ Facility Quarantine ထားရှိပါတယ်။ ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်စွမ်းအင် စက်မှုလက်မှုနှင့် လမ်းပန်းဝန်ကြီး ဦးဝင်းဌေးက “စစ်တွေက ပြန်လာတာ ၂၂ ယောက်ရှိတယ်။ စစ်တွေမဟုတ်ဘဲ တခြားမြို့နယ်က ပြန်လာတာ ၂၇ ယောက် အားလုံးပေါင်း ၄၉ယောက် ရှိပြီ၊ ပြန်လာသူတွေဟာ သြဂုတ်၂၂ရက်နေ့မှ သြဂုတ်လ ၂၅ ရက်နေ့အထိ ဖြစ်တယ်”လို့  ပြောပါတယ်။ စစ်တွေက ပြန်လာသူက ကြံခင်းမှာ ၁၂ ယောက်၊ မအူပင်မှာ ၅ ယောက်၊ ဘိုကလေးမှာ ၁ ယောက်၊ ကျိုက်လတ်မှာ ၃ ယောက်၊ ဒေးဒရဲမြို့မှာ ၁ ယောက်တို့ဖြစ်ပြီး၊ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း Quarantine ၂၁ ရက်ဝင်ခိုင်းထားကြောင်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရရုံးက သိရပါတယ်။ “၁၄ ရက် facility quarantine ၀င်မယ်။ ၁၄ ရက်အတွင်းမှာ swab ယူစစ်မယ်၊ negative နှစ်ကြိမ်ဖြစ်ခဲ့မယ်ဆိုရင် ၇ ရက် home stay နေရမှာဖြစ်ကြောင်း သိရှိရပါတယ်။ တိုင်းအစိုးအဖွဲ့သတ်မှတ်ထားတဲ့ တားမြစ်ချက်တွေ စည်းကမ်းချက်တွေက Regional Government official Ayeyarwady page မှာရှိပါတယ်။ အဲဒီစည်းကမ်းချက်တွေကို မဖြစ်မနေ လိုက်နာဖို့ကြဖို့ ကျနော်အနေနဲ့ ပန်ကြားချင်ပါတယ်။ maskတပ်ပါဆိုရင် စည်းကမ်းချက်က အခုအချိန်ထိ ရှိသေးတယ်။ အပြင်ထွက်အားလုံးက Maskတပ်ဖို့ တိုက်တွန်း ချင်ပါတယ်”လို့ ဝန်ကြီးဦးဝင်းဌေးက ပြောပါတယ်။ ဧရာဝတီတိုင်းဒေသကြီးကို ရခိုင်ပြည်နယ်မှ လာရောက်သူတွေကို  ပုသိမ်မြို့နယ် ကျောက်ချွန် ဂိတ်၊ ရေကြည်မြို့နယ် ရေနံ့သာဂိတ်နဲ့ ကြံခင်းမြို့နယ် ဘတ်ရဲဂိတ်တွေမှာ တင်းတင်းကျပ်ကျပ် စစ်ဆေးနေပါတယ်။ သတင်း - စည်သူမောင်မောင်

A d v e r t i s e m e n t With Us

More News
Up