A d v e r t i s e m e n t With Us

အိန္ဒိယတွင် ၅ ထပ်အဆောက်အအုံ ပြိုကျ၊  လူ ၆၀ ကျော် ကယ်ထုတ်နိုင်

အိန္ဒိယနိုင်ငံမှာ ၅ ထပ်အဆောက်အအုံ ပြိုကျရာကနေ လူ ၆၀ ကျော်ကို အသက်ရှင်  ကယ်ထုတ်နိုင်ခဲ့တယ်လို့ အကြီးတန်းအရာရှိတစ်ဦးက သြဂုတ် ၂၅ ရက်မှာ ပြောပါတယ်။  မွမ်ဘိုင်းမြို့အနီးက စက်မှုဇုံမြို့တစ်ခုမှာ အခန်း ၄၇ ခန်းပါ အဆောက်အအုံ ပြိုကျခဲ့ပြီး နေထိုင်သူ ၂၀၀ လောက်ရှိတယ်လို့ သိရပါတယ်။ ပြိုကျမှုကနေ  လူ ၁ ယောက် သေဆုံးပြီး အယောက် ၃၀ လောက် ပိတ်မိနေကာ ရှာဖွေရေး ဆက်လုပ်နေပါတယ်။  ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းရှာဖွေရေး လုပ်နေသလို  လူနာတင်ယာဉ်တွေကလည်း ဒဏ်ရာရသူတွေကို နီးစပ်ရာဆေးရုံဆီ အမြန်ပို့ဆောင် ပေးနေပါတယ်။  အဆောက်အအုံ ပြိုကျရတဲ့ အကြောင်းရင်းကို သဲသဲကွဲကွဲ မသိရပေမယ့် အိန္ဒိယနိုင်ငံမှာ  အဆောက်အအုံ ပြိုကျတာတွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။ များသောအားဖြင့် ဆောက်လုပ်ရေး စည်းကမ်းတွေကို မလိုက်နာတာ၊  အရည်အသွေးမမီတဲ့ ပစ္စည်းအသုံးပြုတာနဲ့  ဖြစ်ကတတ်ဆန်း တည်ဆောက်တာတွေကြောင့်  ပြိုကျရတာ များတယ်လို့ ရိုက်တာက ရေးပါတယ်။

A d v e r t i s e m e n t With Us

More News
Up