A d v e r t i s e m e n t With Us

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီနာဗန်ညီ အဆိပ်ခတ်ခံရဖွယ်ရှိ 

နာမကျန်းဖြစ်နေတဲ့ ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီနာဗန်ညီဟာ အဆိပ်ခတ်ခံရဖွယ်ရှိတယ်လို့ သူ့ကို ကုသပေးနေတဲ့ ဘာလင်ဆေးရုံက သြဂုတ်လ ၂၄ ရက်မှာ ပြောဆိုလိုက်ပါတယ်။ “ရောဂါလက္ခဏာ အထောက်အထားတွေက ကိုလင်းနက်စ်တာရေ့စ် အင်ဇိုင်းဟန့်တား ပစ္စည်းအုပ်စုနဲ့ဆိုင်တဲ့  အရာဝတ္ထုကနေတဆင့် အဆိပ်ဖြစ်တယ် ဖော်ပြတယ်” လို့ နာဗန်ညီကို ကုသပေးနေတဲ့ ချဲရစ်ဆေးရုံက ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ နာဗန်ညီကို ကုသပေးခဲ့တဲ ရုရှားဆရာဝန်တွေကတော့ အဲဒီအရာဝတ္ထု မတွေ့ရှိဘူးလို့ ဆိုပါတယ်။  နာဗန်ညီဟာ သြဂုတ် ၂၀ ရက်က လေယာဉ်စီးနေစဉ် လဲကျ သတိမေ့မြောသွားခဲ့တာပါ။  ထောက်ခံသူတွေကတော့ လေဆိပ်ကော်ဖီဆိုင်မှာ သူ သောက်မယ့်လက်ဖက်ရည်ထဲ အဆိပ်ခတ်ခံရတယ် ဆိုပြီး သံသယရှိနေပါတယ်။  ရုရှား ဆရာဝန်တွေကတော့ သွေးအတွင်း သကြားဓာတ်နည်းတာကြောင့် ဇီဝတွင်း ဖြစ်ပျက်မှု အစီအစဉ် ယိုယွင်းတာက နာဗန်ညီ နာမကျန်းဖြစ်ရတဲ့အကြောင်းရင်းဆိုပြီး ပြောဆိုခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up