A d v e r t i s e m e n t With Us

တူရကီတွင် ရေကြီးမှုကြောင့် သေဆုံးသူ ၇ ယောက်အထိ ရှိလာ

တူရကီနိုင်ငံမြောက်ပိုင်း ပင်လယ်နက်ဒေသမှာ ရုတ်တရက် ရေကြီးလို့ သေဆုံးသူ အရေအတွက်ဟာ ၇ ယောက်ထိ ရှိသွားပြီလို့ တူရကီ ပြည်ထဲရေးဝန်ကြီးက သြဂုတ် ၂၄ ရက်မှာ ပြောပါတယ်။ တူရကီ လူသားချင်း စာနာတတ်သူများ ကပ်ဘေးသက်သာရေး ဖောင်ဒေးရှင်း (IHH) က ဒရုန်းယာဉ်ကို သုံးပြီး  သြဂုတ် ၂၃ ရက်မှာ ရိုက်ကူးထားတဲ့ ပုံတွေထဲမှာ အမှိုက်တွေ၊ ရေတွေနဲ့ ပြည့်နေတဲ့ လမ်းကျဉ်းတွေကို တွေ့ရပါတယ်။ ပင်လယ်နက်ခရိုင် ဒေရေလီမှာ မကြုံစဖူး မိုးကြီးပြီး ရေဘေးသင့်လို့ လမ်းတလျှောက် အပျက်အစီးတွေ ကားတွေကို ပုံနေတာ မြင်ရတာပါ။ ဆောက်လုပ်ရေးလုပ်ငန်းသုံး ယန္တရားကြီးတွေက အပျက်အစီးတွေကို ဖယ်ထုတ်ပြီး ပိတ်ထားတဲ့ လမ်းတွေကို ပြန်ဖွင့်ပေးခဲ့ပါတယ်။ ဒေသခံတွေကတော့ လမ်းတွေကို ရှင်းပေးနေကြပြီး လမ်းပေါင်း ၈၃ လမ်းကို ပြန်ဖွင့်ဖို့ ကြိုးစားနေပါတယ်။ ဒေသတွင်း အရေးပေါ်ရန်ပုံငွေအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၃ သန်းကို သူတို့ဌာနက ပေးလိုက်တယ်လို့ ရိုက်တာ သတင်းဌာနက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up