A d v e r t i s e m e n t With Us

အိန္ဒိယတွင် ငါးထပ်အဆောက်အုံ ပြိုကျ၊ လူ ၉၀ ထက်မနည်း ပိတ်မိ

အိန္ဒိယနိုင်ငံ မဟာရတ်ရှ်ထျာပြည်နယ်မှာ သြဂုတ် ၂၄ ရက်က ငါးထပ် အဆောက်အအုံတလုံး ပြိုကျလို့ လူ ၉၀ ထက်မနည်း ပိတ်မိနေနိုင်တယ်လို့ ဒေသခံရဲတွေက ပြောပါတယ်။ တိုက်ခန်း ၄၇ ခန်းပါတဲ့ ငါးထပ် အဆောက်အအုံဟာ ဩဂုတ် ၂၄ ရက် ညနေပိုင်းမှာ ပြိုကျခဲ့တာ ဖြစ်ပါတယ်။ မုတ်သုံမိုးက သည်းသည်းထန်ထန် ရွာနေတဲ့ကြားက ကယ်ဆယ်ရေးသမားတွေဟာ လူ ၂၈ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ပြီး သေဆုံး ဒဏ်ရာရသူ အရေအတွက်ကိုတော့ မသိရသေးဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။ မွမ်ဘိုင်းမြို့ တောင်ဘက် ၁၂၅ မိုင်အကွာက စက်မှုမြို့ မာဟဒ်မှာ ဒေသခံတွေလည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းမှာ ပူးပေါင်းခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up