A d v e r t i s e m e n t With Us

ဓာတ်ခွဲနမူနာ ၇၁၈ ကို စစ်ဆေးချက်အရ လူနာသစ်မတွေ့ရှိ

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဩဂုတ် ၂၄ ရက်နေ့အတွက် ဒုတိယအသုတ်  ထပ်မံစစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၇၁၈ မှာ ကိုဗစ်-၁၉  အတည်ပြုလူနာသစ်မတွေ့ရှိဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနရဲ့ ဒီမနက် ထုတ်ပြန်ချက်အရ သိရပါတယ်။  မနေ့ညကတော့ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁,၀၆၈ ခုကို စစ်ဆေးခဲ့ရာမှာ  ရန်ကုန်က အမျိုးသမီး ၁  ဦးအပါဝင် လူနာသစ် ၁၁ ဦး ထပ်မံတွေ့ရှိခဲ့ပါတယ်။ အဆိုပါလူနာသစ်တွေကတော့  ပြည်ပကိုခရီးသွားခဲ့တဲ့ ရာဇဝင်မရှိသူ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်က ၅ ဦး၊ ဘူးသီးတောင်မြို့နယ်က ၄ ဦး၊  ကမာရွတ်မြို့နယ်က အမျိုးသမီး  ၁ ဦးနဲ့  မွန်ပြည်နယ် ပေါင်မြို့နယ်က စင်ကာပူပြန် အမျိုးသား ၁ ဦးတို့ဖြစ်ကြပါတယ်။ အဆိုပါလူနာသစ်တွေထဲက  ၅ ဦးဟာ စစ်တွေမြို့ကို ခရီးသွားခဲ့တဲ့ ရာဇဝင်ရှိတဲ့အတွက် အသွားအလာကန့်သတ်စောင့်ကြပ်ခံထားရသူတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ ဩဂုတ် ၂၅ ရက် မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း  ၄၇၄ ဦး၊ သေဆုံးသူ ၆ ဦး၊ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ ၃၄၁  ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ  ၃၃၅ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၃၁ ဦးရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up