A d v e r t i s e m e n t With Us

အပူပိုင်းမုန်တိုင်းကြောင့် ဒိုမီနီကန်နိုင်ငံတွင် မိုးကြီးပြီး လေပြင်းတိုက်၊ ၃ ဦးသေ

အပူပိုင်းမုန်တိုင်း လော်ရာဟာ ဒိုမီနီကန်သမ္မတနိုငငံကို သြဂုတ် ၂၃ ရက်က ဖြတ်သန်း တိုက်ခိုက်လို့ မိုးကြီးပြီး လေပြင်း တိုက်ခဲ့ပါတယ်။  မုန်တိုင်းတိုက်ရာ လမ်းတလျှောက် အပျက်အစီးတွေ ကျန်ခဲ့တဲ့အပြင် လူ ၃ယောက်ထက် မနည်း သေဆုံးပါတယ်။  မုန်တိုင်းအတွင်း ပိတ်မိနေတဲ့ ဒေသခံတွေကို ကယ်ဖို့ စေတနာ့ဝန်ထမ်းတွေ စန်တိုဒိုမင်ဂိုမြို့ မှာ စုရုံးခဲ့ကြပြီး ဒေသခံတွေကို ကုန်းမြေဆီ ပို့ဖို့ လေမှုတ်ဖောင်တွေကို သုံးခဲ့ရပါတယ်။  အိမ်ပေါ်ကို နံရံတခုပြိုကျလို့ အမျိုးသမီး ၁ ယောက်နဲ့ ၇ နှစ်သား ကလေးတယောက် သေဆုံးတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။  လော်ရာမုန်တိုင်းကြောင့် နိုင်ငံတွင်း လူ ၁ သန်းကျော် လျှပ်စစ်မီး မရှိဘဲ နေခဲ့ရတာပါ။  လူအယောက် ၁ ထောင်ကျော်ကိုလည်း ဘေးကင်းရာ ရွှေ့ပေးခဲ့ရပြီး အစ်ဆာဘယ်လာ မြစ်ကမ်းတလျှောက်က အိမ်အတော်များများ ပြိုကျခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။  လော်ရာမုန်တိုင်းဟာ အင်အားပိုကောင်းလာပြီး အဆင့် ၂ ဒါမှမဟုတ် အဆင့် ၃ ဟာရီကိန်း မုန်တိုင်းအဆင့်နဲ့ အမေရိကန်နိုင်ငံဆီ ဦးတည်နေတယ်လို့လည်း ရိုက်တာသတင်းဌာနက ကြေညာ ပါတယ်။   

A d v e r t i s e m e n t With Us

More News
Up