လူ ၁၀၀ ကျော်သေဆုံးခဲ့သည့် ယူကရိန်းလေယာဉ် ဒုံးကျည် ၂ စင်း ထိမှန်ခြင်းဖြစ်

လေယာဉ်ပျံသန်းမှု မှတ်တမ်းပါတဲ့ သေတ္တာနက် ၂ လုံးကို စစ်ဆေးချက်အရ ပစ်ချခံ ယူကရိန်းဂျက်လေယာဉ်ဟာ ၂၅ စက္ကန့်စီခြားပြီး ဒုံးကျည် ၂ စင်း ထိမှန်ခဲ့တာလို့ အီရန်အစိုးရက သြဂုတ် ၂၃ရက်မှာ ပြောလိုက်ပါတယ်။  ပထမပေါက်ကွဲမှုအပြီးမှာ ခရီးသည်တွေ အသက်ရှင်နေဆဲဆိုတာကိုလည်း ပြထားပါတယ်။  အီရန်အရပ်ဘက် လေကြောင်းအဖွဲ့အစည်းက ပထမဆုံးတရားဝင် အစီရင်ခံစာကို ထုတ်ပြန် ကြေညာလိုက်တာပါ။  သေတ္တာနက်ထဲက သတင်းအချက်အလက် မှတ်တမ်းတွေနဲ့ လေယာဉ်မောင်‌ေခန်းထဲက အသံတွေကို ဖတ်နိုင်ဖို့ ပြင်သစ်နိုင်ငံဆီ ဇူလိုင်လထဲမှာ ပို့ခဲ့တာပါ။  အီရန်ဟာ အမေရိကန်နဲ့ အစွန်းရောက် တင်းမာနေချိန် ဇန်နဝါရီလက ယူကရိန်း လေယာဉ်ကို မတော်တဆ ပစ်ချမိခဲ့တယ်လို့ ပြောပါတယ်။  လေယာဉ်ပေါ်ပါသူ ၁၇၆ ယောက်စလုံး သေဆုံးခဲ့ပါတယ်။  ပထမဒုံးကျည်ထိပြီး ၁၉ စက္ကန့်အကြာမှာ လေယာဉ်မောင်းခန်းထဲက လေယာဉ်မှူးတွေရဲ့ အသံအရ ခရီးသည်တွေ အသက်ရှင်နေသေးပြီး ၂၅ စက္ကန့်အကြာမှာ ဒုတိယဒုံးကျည်က လေယာဉ်ကို ထိမှန်ခဲ့တယ်လို့ သက်ဆိုင်ရာကို ကိုးကားပြီး အစိုးရရုပ်သံက ပြောပါတယ်။  ပစ်ချခံလေယာဉ်ပေါ်က နိုင်ငံသားတွေနဲ့ပတ်သက်ပြီး ယူကရိန်း၊ ကနေဒါနဲ့ တခြားနိုင်ငံတွေ က စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့လို့ သက်ဆိုင်ရာအစိုးရတွေနဲ့ အီရန်ဟာ ဆွေးနွေး ပွဲတွေ ကျင်းပခဲ့ရပါတယ်။  သေဆုံးသူတွေရဲ့ မိသားစုတွေကို လျော်ကြေးပေးဖို့ အီရန်နဲ့ယူကရိန်းအရာရှိတွေ ဆွေးနွေးခဲ့ ပြီးပါပြီ။ နောက်ထပ် ဆွေးနွေးပွဲတွေကို အောက်တိုဘာမှာ ပြန်စဖို့ ရက်သတ်မှတ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up