Home
မြန်မာသတင်း
ရေးမြို့ မြသီတာဈေးနှင့် နေအိမ်အချို့ ရေဝင်ရောက်လာ၍ စတင်ရွှေ့ပြောင်းနေ (ဓာတ်ပုံ)
DVB
·
August 23, 2020
118325784_423751211919218_2675948068321545307_n
118320705_423751255252547_5603531476796162129_n
118070953_423751118585894_6789002814306789_n
117937502_423751171919222_6877194544920610313_n
117931381_423751148585891_8175960829183303082_n
117715537_423751081919231_8630326788190740028_n
11111
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ မြစ်ရေ မြင့်တက်လာတာကြောင့် ရေကြီးရေလျှံဖြစ်နေပြီး မြသီတာဈေးနဲ့ လူနေအိမ်အချို့ကို ရေဝင်ရောက်လာလို့ စတင်ရွှေ့ပြောင်းနေတယ်လို့ သိရပါတယ်။ သြဂုတ် ၂၃ ရက်နေ့ မွန်းလွဲပိုင်းက စတင်ပြီး မြစ်ရေမြင့်တက်မှုနဲ့ ရေးချောင်းဖျား တောင်ကျချောင်းရေကြောင့် ရေးမြို့နယ် မြို့ပေါ်ရပ်ကွက်တချို့က လူနေအိမ်တွေနဲ့ ဈေးအတွင်း ရေဝင်ရောက်လာတာလို့ ဆိုပါတယ်။ ရေးမြို့ပေါ် ရန်မျိုးအောင်၊  ရန်ကြီးအောင်၊  အောင်သုခ၊  အောင်မေတ္တာ၊  အောင်မင်္ဂလာ၊ သီရိနန္ဒာ စတဲ့ အနိမ့်ပိုင်းရပ်ကွက်တွေ လူနေအိမ်တွေထဲ ရေဝင်နေတာလို့ ဆိုပါတယ်။ အနိမ့်ပိုင်းက အိမ်ထောင်စုအချို့ဟာ နီးစပ်ရာ နေအိမ်တွေမှာ သွားရောက်ခိုလှုံနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုလက်ရှိမှာ ရေးမြို့ မြစ်ရေဟာ စိုးရိမ်ရေမှတ်ကို မရောက်သေးပေမယ့် ပြီးခဲ့တဲ့နှစ်ကလို မြစ်ရေကြီးပြီး ဆုံးရှုံးမှုများပြားမှာကို ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။ ကလော့၊ ဟံဂံ ကျေးရွာအပြင် ကျောင်းရွာကျေးရွာနဲ့ ရေးချောင်းဖျားဒေသ ကျေးရွာချင်းဆက်လမ်းတွေလည်း လမ်းရေကျော်ပြီး သွားလာရေးမှာ ခက်ခဲနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ လက်ရှိမှာတော့ ရွှေ့ပြောင်းရတဲ့ အိမ်ထောင်စုစာရင်းကို တာဝန်ရှိသူတွေက ကောက်ယူနေဆဲပဲလို့ သိရပါတယ်။ ရေးမြို့နယ်မှာ မိုးရေချိန် ၉.၁၇ လက်မ ရွာသွန်းသွားခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။ နေမျိုးထွဋ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024