Live
Home
မြန်မာသတင်း
မြောက်ဦးတွင် INGO ရုံးများနှင့်ကျေးရွာအချို့ လော့ဒေါင်းချ
DVB
·
August 23, 2020
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ ကိုဗစ်ပိုးတွေ့လူနာ ၃ ဦးလုံးဟာ INGO ဝန်ထမ်းတွေဖြစ်တာကြောင့် INGO ရုံးတွေနဲ့ သူတို့ သွားခဲ့တဲ့ ကျေးရွာအချို့အား လော့ဒေါင်းချထားတယ်လို့ သိရပါတယ်။ မြောက်ဦးမြို့ပြည်သူဆေးရုံအုပ်ကြီး ဒေါက်တာခင်မောင်သန်းက “မြောက်ဦးမြို့မှာရှိတဲ့ INGO ရုံးတွေအားလုံးကို လော့ဒေါင်းချထားလိုက်တယ်။ သူတို့သွားရောက်ခဲ့တဲ့ မွတ်ဆလင်ကျေးရွာအချိုကိုလည်း လော့ဒေါင်းချထားတယ်။ ပထမ ပိုးတွေ့လူနာအမှတ် ၄၀၈ အမျိုးသမီးကတော့ နှာခေါင်း လုံးဝအနံ့မရဘူး။ မနေ့က ပိုးတွေ့လူနာအမှတ် ၄၄၀ နဲ့ ၄၄၁ တို့ကတော့ ပုံမှန်ကျန်မာရေးအဖြေအနေကောင်းပါတယ်" လို့ DVB ကိုပြောပါတယ်။ INGO ဝန်ထမ်း လူနာအမှတ် ၄၀၈ နဲ့ ထိတွေ့ခဲ့သူ INGO ဝန်ထမ်း ၃၂ ဦးအား ပထမအကြိမ်စစ်ဆေးရာမှာ လူနာအမှတ် ၄၄၀ နဲ့ ၄၄၁ တို့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတယ်လို့ သြဂုတ် ၂၂ ရက်နေ့ ည ၈ နာရီ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ လူနာအမှတ် ၄၀၈ နဲ့ ထိတွေခဲ့သူ နောက်ထပ် ၃၅ ဦးရဲ့ ဓာတ်ခွဲနမူနာတွေကို စစ်ဆေးထားပြီး ဒီနေ့ညနေ အဖြေသိရနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပိုးတွေ့လူနာအမှတ် ၄၄၀၊ ၄၄၁ တို့နဲ့ ထိတွေ့ခဲ့သူ ၄၀ ရဲ့ ဓာတ်ခွဲနမူနာတွေကိုလည်း စစ်ဆေးသွားမယ်လို့ မြောက်ဦးမြို့ပြည်သူဆေးရုံအုပ်ကြီး ဒေါက်တာခင်မောင်သန်းက ပြောဆိုထားပါတယ်။ မြောက်ဦးမြို့နယ်က ပိုးတွေ့လူနာ ၃ ဦးနဲ့ ထိတွေ့ခဲ့သူတွေဟာ မွတ်ဆလင်ကျေးရွာတွေအပြင် မြို့ပေါ်နဲ့ အခြားနေရာတွေမှာ ပျံ့နှံ့နေတာကြောင့် မြောက်ဦးဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။ လက်ရှိမှာ မြောက်ဦးမြို့ကို ဖြတ်သန်းသွားလာတဲ့ ကားတွေကိုလည်း ကန့်သတ်ထားတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်မှာ သြဂုတ် ၁၆ ရက်ကနေ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ လူနာသစ် ၅၃ ဦးရှိပြီဖြစ်ပြီး စစ်တွေက ၄၈ ဦး၊ မြောက်ဦးက ၃ ဦးနဲ့ သံတွဲက ၂ ဦးတို့ ဖြစ်ပါတယ်။ လင်းလက်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024