A d v e r t i s e m e n t With Us

ရှီးယိုက်ပါတီများ၏ ရုံးများကို အီရတ်ဆန္ဒပြသူများ ဖြိုချဖျက်ဆီး

အီရတ်ဆန္ဒပြသူတွေဟာ နိုင်ငံတောင်ပိုင်း နတ်စီရီယာ မြို့ထဲမှာ ရှီးယိုက်ပါတီတွေရဲ့ ရုံးတွေကို မြေကော်စက်တွေသုံးပြီး သြဂုတ် ၂၂ ရက်က ဖြိုချ ဖျက်ဆီးခဲ့ကြပါတယ်။ အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ရှီးယိုက်ပါတီတွေဖြစ်တဲ့ ဒါးဝါ ပါတီနဲ့ ဘာဒီယာ အဖွဲ့အစည်းတို့ရဲ့ နတ်စီရီယာ  မြို့ထဲက ရုံးတွေကို မြေကော်စက်တွေနဲ့ ဖြိုချခဲ့တယ်လို့ ဒေသ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ တချို့ရုံးတွေက ပြားပြားဝပ်ပျက်စီးခဲ့ပြီး ဖျက်ဆီးခံ အဆောက်အဦတွေရှေ့မှာ  ဆန္ဒပြသူတွေက ကြွေးကြော်သံတွေကို ဟစ်ကြွေးခဲ့ကြပါတယ်။  သြဂုတ် ၁၉ ရက်က ထင်ရှားတဲ့ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ ရေဟမ် ယာကွတ်ဘ် လုပ်ကြံခံရအပြီး ဆန္ဒပြသူတွေဟာ ဘတ်စ်ရာမြို့က လွှတ်တော်ရုံးကို သြဂုတ် ၂၁ ရက်က မီးတင်ရှို့ခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up