၅ လကြာ ရပ်နားခဲ့သည့် မြန်မာဘောလုံးလိဂ်ပြိုင်ပွဲ ပြန်လည်စတင်

815
ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေကြောင့် ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်ကနေ ၅ လကြာ ရပ်နားထားတဲ့ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ဩဂုတ်၂၂ရက်က ပြန်လည်ကျင်းပခဲ့ပါတယ်။
ကိုဗစ်-၁၉ ကြောင့် ရပ်နားထားတဲ့ အားကစားပွဲတွေထဲမှာ ဘောလုံးလိဂ်က ပထမဆုံးပြန်လည်ယှဉ်ပြိုင်ခဲ့တဲ့ အားကစားပြိုင်ပွဲ ဖြစ်ခဲ့ပါတယ်။
မြန်မာလိဂ်ပွဲစဉ်တွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက လမ်းညွှန်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ရေး စည်းမျဉ်းတွေနဲ့အတူ ပရိသတ်မပါစေဘဲ ကွင်းပိတ်ကစားခဲ့တာဖြစ်ပါတယ်။
မြန်မာလိဂ်ကလပ် ၁၀ သင်းနဲ့ ဒိုင်လူကြီးတွေအပါအဝင် စုစုပေါင်း လူ ၃၀၀ ကျော်ဟာ ပြီးခဲ့တဲ့ တပတ်ကတည်းက ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ စစ်ဆေးခဲ့ပြီး ပိုးမတွေ့ရှိခဲ့တာကြောင့် ပြန်လည်စတင်ခဲ့တာပါ။
ဩဂုတ် ၂၂ ရက် စနေနေ့မှာ ၂ ပွဲ ကစားခဲ့ပြီး ရန်ကုန်ယူနိုက်အသင်းက အိမ်ကွင်းမှာ မကွေး အသင်းကို ၆ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရခဲ့ပါတယ်။
သုဝဏ္ဏကွင်းမှာ တချိန်တည်းယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာ ရှမ်းယူနိုက်တက်က ဆောက်သမ်းမြန်မာ
အသင်းကို ၁ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရခဲ့ပါတယ်။
ဩဂုတ် ၂၃ ရက် တနင်္ဂတွေနေ့မှာ ၂ ပွဲ ဆက်လက်ကျင်းပမှာဖြစ်ပြီး သုဝဏ္ဏကွင်းမှာ ရတနာပုံနဲ့ အားကာသိပ္ပံအသင်း၊ ရန်ကုန်ယူနိုက်တက်ကွင်းမှာ ဧရာဝတီ နဲ့ ရခိုင်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။