A d v e r t i s e m e n t With Us

အမြင့်မြို့ဟောင်းရှိ ရှေးဟောင်းဘုရား‌စေတီလက်ရာများကို ရှေးမူမပျက်ပြုပြင်ထိန်းသိမ်းမည်

စစ်ကိုင်းတိုင်း၊ ‌မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာရှိတဲ့ သမိုင်းဝင်အမြင့်မြို့ဟောင်းက ရှေးဟောင်းဘုရားစေတီလက်ရာတွေကို ရှေးမူမပျက်ပြုပြင်ထိန်းသိမ်းသွားမယ်လို့ သိရပါတယ်။ သမိုင်းဝင်အမြင့်မြို့ဟောင်းက ရှေး‌ဟောင်းဘုရားစေတီတွေမှာ နံရံဆေးရေးပန်းချီလက်ရာတွေရှိနေပြီး နှစ်ကာလကြာလာတာနဲ့အမျှ ပြိုပျက်တာတွေလည်း ရှိနေတယ်လို့ မုံရွာမဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဦးက ပြောပါတယ်။ "ကျနော် ဒီကိစ္စ လွှတ်တော်ကိုတင်ပြခဲ့တယ်။ ဒါနဲ့ ပြည်ထောင်စုသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးနဲ့အတူ ရှေး‌ဟောင်းဆေးရေး ပန်းချီပြုပြင်ထိန်းသိမ်းတဲ့ ပညာရှင်တွေလည်း ပါလာပြီး အသိမှတ်လာပြုသွားတယ်။ ‌ဒီမြို့ဟောင်းမှာ ရှေးဟောင်းပစ္စည်းအများပြားလည်း တွေ့ဖူးတယ်။ ဒီမှာက ပြတိုက်မရှိတော့ ပုဂံပြတိုက်မှာ ပစ္စည်း ၉ ခုထားရှိထားသလို အများစုက စစ်ကိုင်းပြတိုက်မှာ ထားရှိထားတယ်။ ဝန်ကြီးနဲ့ ဒေသခံတွေတွေ့ဆုံချိန်မှာ ဒေသခံတွေက ဒီမှာရှေးဟောင်းပြတိုက်ပြုလုပ်‌ပေးဖို့နဲ့ ရှေးလက်ရာတွေထိန်းသိမ်းပေးဖို့တင်ပြတော့ တော်တော်များများသဘောတူသွားတယ်။ ဒါနဲ့ တိုင်းထွာပြီး တည်နေရာတွေတွက်ပေးဖို့၊ မြေပုံတွေဆွဲပေးဖို့ ဝန်ကြီးက မှာကြားသွားတယ်။ နောက်ပြီး ပြည်တွင်းပြည်ပ လာရောက်လေ့လာကြသူတွေအတွက် တည်းခိုဖို့ လက်ရှိဘိုတဲကို ပြင်ဆောက်ဖို့ အစီစဉ်လည်း ရှိပါတယ်။ ဒီကိစ္စတွေအသေးစိပ်ကိုလည်း လာမယ့် ၂၅ ရက်နေ့ လွှတ်တော်မှာ တင်ပြဆွေးနွေးသွားမယ်။" အခုဘဏ္ဍာနှစ်မှာ အမြင့်မြို့ဟောင်းထဲက ရှေးဟောင်းဘုရား ၈ ဆူကိုတော့ ပြည်‌ထောင်အစိုးရအဖွဲ့ရန်ပုံငွေ ၈၄၃ သိန်းနဲ့ ပြုပြင်နေတယ်လို့ သိရပါတယ်။ အမြင့်မြို့ဟောင်းမှာ ပုဂံခေတ်ပြိုင်နဲ့ ကုန်းဘောင်ခေတ်က ရှေးဟောင်းဘုရားစေတီ ၃၀၀ လောက်ရှိပြီး အများစုဟာ ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်နေပါတယ်။ သမိုင်းဝင်အမြင့်နယ်မြေဟာ ပုဂံခေတ်ကတည်းက တည်ရှိခဲ့တဲ့ အထောက်ထားများရှိပြီး ကုန်းဘောင်ခေတ်က အမြင့်မြို့စားကြီး မင်းလက်ဝါး အုပ်ချုပ်ခဲ့တဲ့ မြို့ဟောင်းတခုလည်း ဖြစ်ပါတယ်။ ရန်နိုင်စိုး

A d v e r t i s e m e n t With Us

More News
Up