မာလီတွင် စစ်အာဏာသိမ်းမှုကို ထောက်ခံသည့် ပြည်သူထောင်ချီ အောင်ပွဲခံ

1.1K
မာလီနိုင်ငံမှာ စစ်အာဏာသိမ်းတာကို ထောက်ခံတဲ့ ပြည်သူ ထောင်ချီပြီး သြဂုတ် ၂၁ ရက်က မြို့တော်ဘမ်မာကိုမှာ အောင်ပွဲအခမ်းအနားကျင်းပခဲ့ပါတယ်။
သမ္မတ ကေတာကို ရာထူးက ဖြုတ်ချတဲ့အပေါ် မာလီရဲ့နိုင်ငံတကာ မိတ်ဖက်တွေက စိတ်ပူနေပါတယ်။
သူတို့က စစ်အာဏာသိမ်းမှုဟာ ပြင်သစ်ကိုလိုနီဟောင်း မာလီနိုင်ငံနဲ့ အနောက်အာဖရိက ဆာဟယ်ဒေသတစ်ခုလုံးကို မတည်မငြိမ်ဖြစ်စေမှာကို စိုးရိမ်နေပါတယ်။
ဒါပေမဲ့လည်း အာဏာသိမ်းတာကို ထောက်ခံတဲ့ မာလီနိုင်ငံသားတွေကတော့ မြို့တော် ဘမ်မာကိုက လွတ်လပ်ရေးရင်ပြင်မှာ သီဆိုကခုန် အောင်ပွဲခံနေပါတယ်။
လာရောက် ကျေးဇူးတင်စကားဆိုတဲ့ စစ်အာဏာသိမ်းအဖွဲ့ဝင်တွေကိုလည်း သူတို့က ဘောလုံး အကျော်အမော်တွေလို ကြိုဆိုခဲ့ပါတယ်။
စစ်အာဏာသိမ်းမှုကို နိုင်ငံပိုင်ရုပ်သံကနေ ကြေညာတဲ့ ဗိုလ်မှူးကြီး အစ္စမေးဝက်ဂ်ကလည်း သူတို့ကို ထောက်ခံတဲ့အတွက် မာလီပြည်သူအားလုံးကို ကျေးဇူးတင်တယ်လို့ ပြောဆိုပါတယ်။
ဗိုလ်မှူးကြီး ဝက်ဂ်နဲ့ စစ်အာဏာသိမ်း ဒုသမ္မတ ဗိုလ်မှူးကြီး ဒီအောတို့ဟာ သြဂုတ် ၂၀ ရက်က နိုင်ငံရေးသမား တစုနဲ့တွေ့ဆုံပြီး အရပ်သားအစိုးရ အာဏာရရေးအတွက် အသွင်ကူး ပြောင်းရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။