A d v e r t i s e m e n t With Us

အီရတ်တောင်ပိုင်းရှိ ပါလီမန်အဆောက်အုံကို ဆန္ဒပြသူများ မီးရှို့

အီရတ်တောင်ပိုင်း ဘတ်ဆရာမြို့က ပါလီမန်ရဲ့ ရုံးအဆောက်အအုံတခုကို  သြဂုတ် ၂၁ ရက်မှာ  ဆန္ဒပြသူတွေက မီးရှို့ခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့တွေက လေထဲ သေနတ်ပစ်ဖောက် လူစုခွဲခဲ့ပါတယ်။   ဒီသီတင်းပတ်အတွင်း  အမည်မသိသေနတ်သမားတွေ လက်ချက်နဲ့ တက်ကြွလှုပ်ရှားသူ နှစ်ယောက် သေဆုံးပြီး တခြားသူတွေ ဒဏ်ရာရခဲ့တဲ့အပေါ်မှာ ဆန္ဒပြသူတွေက ပြည်နယ် အုပ်ချုပ်ရေးမှူးကို ဖယ်ရှားပေးဖို့  ပါလီမန်ရှေ့မှာ  စုဝေးတောင်းဆိုခဲ့တာပါ။    ဆန္ဒပြသူတွေက ဓာတ်ဆီဗုံးတွေနဲ့ ပစ်တာမို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လေထဲ သေနတ် ပစ်ဖောက်ခဲ့ပါတယ်။   သြဂုတ် ၁၉ ရက်က သေနတ်သမားတွေ ပစ်ခတ်မှုကြောင့် အမျိုးသမီးအရေးတက်ကြွ လှုပ်ရှားသူ ရာဟမ်းမာရာကွတ် သေဆုံးပြီး တခြား ၃ ယောက် ဒဏ်ရာရခဲ့ပါတယ်။   ဒါဟာ  သီတင်းပတ်အတွင်း အစိုးရဆန့်ကျင်ရေး  တက်ကြွလှုပ်ရှားသူတွေကို ပစ်မှတ်ထား တဲ့ တတိယမြောက်ဖြစ်ရပ်ပါ။   ပြီးခဲ့တဲ့သီတင်းပတ်ကလည်း တက်ကြွလှုပ်ရှားသူ တာဆင်းမ်အိုဆားမား အသတ်ခံရချိန်မှာ အကြမ်းဖက်မှုတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။  အဲဒီဖြစ်ရပ်ကြောင့်  ၃ ရက်ကြာ ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပြီး ခဲတွေ၊ ဓာတ်ဆီဗုံးတွေနဲ့ပစ်တဲ့ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကျည်အစစ်နဲ့ ပြန်ပစ်ခတ်ခဲ့ပါတယ်။    ဒီအတွက် သြဂုတ် ၁၇ ရက်မှာ အီရတ်ဝန်ကြီးချုပ် ခါဒီမီက ဘတ်ဆရာရဲတပ်ဖွဲ့နဲ့ အမျိုးသားလုံခြုံရေးအကြီးအကဲတွေကို ရာထူးကဖယ်ရှားခဲ့ပြီး အကြမ်းဖက်မှုကို စုံစမ်းဖို့ ညွှန်ကြားခဲ့ပါတယ်။  

A d v e r t i s e m e n t With Us

More News
Up