House of Orchid ပိုင်ရှင် ဦးဌေးအောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မဖြင့် ဖမ်းဆီး

Photo : U Htay Aung Facebook
1.8K
House of Orchid ပိုင်ရှင် ဦးဌေးအောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနဲ့ ဖမ်းဆီးလိုက်တယ်လို့ ပုဇွန်တောင်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ပြောပါတယ်။
သူ့ကို ပုဇွန်တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ၁၂၄(က) နဲ့ အရှေ့ပိုင်းခရိုင်တရားရုံးမှာ တရားစွဲဆိုထားတာလို့ သိရပါတယ်။
ဦးဌေးအောင်ဟာ လာမယ့်ရွေးကောက်ပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရွေးကောက်ပွဲဝင်မယ့် ကော့မှူးမြို့နယ်မှာ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေသလို နိုင်ငံတော်အကြီးအကဲတွေနဲ့ အာဏာရပါတီအပေါ် စွပ်စွဲပြောဆိုမှုတွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့သူ ဖြစ်ပါတယ်။
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ၁၂၄(က) အရ အမြင့်ဆုံး ထောင်ဒဏ်တသက်တကျွန်းထိ ချမှတ်နိုင်ပါတယ်။